Monday, October 20, 2014

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆု နှစ်ဆုလုံးကို ဆောက်သမ်တန်အသင်ရရှိ



ယခုနှစ်ဘောလုံးရာသီအတွင်း ဆောက်သမ်တန်အသင်း အစကောင်းခဲ့ပြီးနောက် စက်တင်ဘာလ အတွက် ပရီးမီးယားလိဂ် အကောင်းဆုံး နည်းပြဆုနှင့် ဘောလုံးသမားဆုများကို ဆောက်သမ်တန်နည်းပြ ရော်နယ်ကိုးမန်းနှင့် တိုက်စစ်မှူးး ဂရာဇီယာနိုပယ်လီ တို့ ရရှိခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ်(၇) အပြီးတွင် ဆောက်သမ်တန်အသင်းမှာ ချယ်လ်ဆီး၊ မန်စီးတီးအသင်း တို့နောက် အမှတ်ပေးဇယား တတိယနရာတွင် ရှိနေသည်။ စက်တင်ဘာလ အကောင်းဆုံး နည်းပြဆု ရရှိခဲ့သော ကိုးမန်းသည် ဆောက်သမ်တန်အသင်းကို ယင်းလအတွင်း ပရီးမီးယားလိဂ် သုံးပွဲဆက်တိုက် အောင်ပွဲရရန်နှင့် ကက်ပီတယ်ဝမ်းတွင် အာဆင်နယ်အသင်းကို အမ်းမရိတ်ကွင်း၌ အောင်ပွဲရရန် စွမ်းဆောင်နိုင်ခဲ့သည်။
အီတလီတိုက်စစ်မှူးး ပယ်လီသည် နယူးကာဆယ်ကို နိုင်ခဲ့သည့် ပွဲတွင် ဆောက်သမ်တန်အတွက် နှစ်ဂိုး၊ ကျူပီအာကို နိုင်သာပွဲတွင် အနိုင်ဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့သည်။
ဆောက်သမ်တန်အသင်း၏ ပြင်သစ် ကွင်းလယ်ကစားသမား မော်ဂန်ရှနိုက်ဒါလင်းမှာ လည်း တစ်လတာ အကောင်းဆုံး ဘောလုံး သမားဆု အတွက် ပဏာမရွေးချယ် ခံရသူ စာရင်းတွင် ပါဝင်ခဲ့ သည်။

No comments:

Post a Comment

back to top