အာဖဂနှင့်အမေရိကနို့ လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုး

အချိန်အတော်ကြာ ကြန့်ကြာနေခဲ့ရတဲ့ (၂၀၁၄) အကုန်မှာ အမေရိကန်တပ်ဖွဲ့တွေကို အာဖဂန်နစ္စတန် နိုင်ငံအတွင်း ဆက်လက် ထားရှိရေးနဲ့ ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ် တစ်စောင်ကို လက်မှတ် ရေးထိုးလိုက်ပြီဖြစ်သည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ လက်မှတ်ရေးထိုးပွဲကို ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့သည်။
အာဖဂန် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Hanif Atmar (ဟန်အစ်ဖ်အက်မာ) နှင့် အာဖဂန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် James Cunningham (ဂျိမ်းစ်ကာနင်ဟမ်) တို့က လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ အာဖဂန်သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီး နောက်တစ်နေ့မှာပဲ ယခုလို လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ယခင် သမ္မတဟောင်း ဟာမစ်ကာဇိုင်းကတော့ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး လက်မှတ် ရေးထိုးဖို့ ငြင်းဆန်ခဲ့တာကြောင့်၊ အမေရိကန်- အာဖဂန် ဆက်ဆံရေးအကြား မကြေလည်မှုများလည်း ရှိခဲ့ပါသည်။ အဆိုပါ သဘော တူညီချက်အရ (၂၀၁၄)ခုနှစ် နောက်ပိုင်းမှာ ပြည်ပ စစ်သည် (၁၂၀၀၀) ကို အာဖဂန်နိုင်ငံအတွင်း ဆက်လက် ထားရှိခွင့်ပြုမှာ ဖြစ်ပါတယ်။ ဆက်လက် ထားရှိမယ့် တပ်ဖွဲ့ဝင် တွေအနက် (၉၈၀၀)ဟာ အမေရိကန် တပ်ဖွဲ့ဝင်တွေဖြစ်ပြီး၊ ကျန်တပ်ဖွဲ့ဝင် တွေကတော့ နေတိုး တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု သိရသည်။ တာလီဘန်နဲ့ အစ္စလာမ်မစ် စစ်သွေးကြွ နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေကို ဆင်နွှဲမယ့် အာဖဂန် လုံခြုံရေး စစ်သည်တွေကို ၄င်း တပ်ဖွဲ့ဝင်တွေက လေ့ကျင့်မှုတွေနဲ့ ထောက်ပံ့ကူညီမှုတွေ ပေးအပ်သွားမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားသည်။
No comments:
Post a Comment