Thursday, October 30, 2014

၂၀၁၈ ကမ္ဘာ့ဖလား အမှတ်တံဆိပ် ရုရှားထုတ်ဖော်ပြသ

ရုရှားဘောလုံးအာဏာပိုင်များသည် ၎င်းတို့နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလား အမှတ်တံဆိပ်ကို နိုင်ငံတကာ အာကာသစခန်းရှိ ရုရှားယာဉ်မှူးများက ကိုင်ဆောင် ပြထားသည့်ပုံဖြင့် ထုတ်ဖော်ပြသလိုက်သည်။ ၂၀၁၈ ကမ္ဘာ့ဖလား အမှတ်တံဆိပ် ဒီဇိုင်းမှာ နိုင်ငံ၏ ကြွယ်ဝသည့် အနုပညာ အစဉ်အလာနှင့် အောင်မြင်မှု၊ တီထွင် ဆန်းသစ် နိုင်မှုတို့ဖြင့် ကိုယ်စားပြု ရေးဆွဲထားခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ ထိုအမှတ်တံဆိပ်ကို နိုင်ငံတကာ အာကာသ စခန်းမှ ဖော်ထုတ် ပြခဲ့သလို မြို့တော်မော်စကိုရှိ ဘော်လ်ရွှိုင်း ပြဇာတ်ရုံမျက်နှာစာတွင်လည်း ပရိုဂျက်တာထိုးထားသည့် ပုံရိပ်များဖြင့် ထုတ်ဖော်ပြသခဲ့သည်။

ရုရှားသည် နိုင်ငံတွင် ပထမဆုံးအကြိမ် ဖြစ်လာမည့် ၂၀၁၈ ကမ္ဘာ့ဖလား ကျင်းပခွင့်ကို အင်္ဂလန်၊ စပိန်-ပေါ်တူဂီပူးတွဲ၊ နယ်သာလန်-ဘယ်လ်ဂျီယံ ပူးတွဲတို့ကို ကျော်ဖြတ်ကာ ၂၀၁၀ ပြည့်နှစ်က မဲအသာဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ ရုရှားသည် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အမှတ်တံဆိပ်အပြင် ပွဲများ လက်ခံကျင်းပမည့် ရော့စတော့ဗွန်ဒွန်၊ ဆာမာရာမြို့များ၏ အမှတ်တံဆိပ်များ ကိုလည်း ထုတ်ဖော် ပြသခဲ့သည်။

No comments:

Post a Comment

back to top