Tuesday, October 14, 2014

ရန်ကုန် တက္ကသိုလ် ဝင်ခွင့် ရွေးချယ် မှုကို တိုက်ရိုက် ဆောင်ရွက် ရန် စီစဉ်


ရန်ကုန် တက္ကသိုလ်တွင် တက်ရောက်ခွင့်ပြုရန် ကျောင်းသား၊ ကျောင်းသူများဝင်ခွင့် ရွေးချယ်ခြင်းကို လာမည့်  ၂ဝ၁၆-၂ဝ၁၇ တက္ကသိုလ် ပညာသင်နှစ်မှ စတင်ကာ အဆိုပါ ရန်ကုန် တက္ကသိုလ်ကပင် တိုက်ရိုက် ရွေးချယ် သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ထိုသို့ တိုက်ရိုက် ရွေးချယ်ရာတွင် ကျောင်းသား၊ ကျောင်းသူများကို ရေးဖြေစစ်ဆေးခြင်း၊ လူတွေ့ နှုတ်ဖြေ စစ်ဆေးခြင်း စသည်တို့ကို လုပ်ဆောင်ကာ ဝင်ခွင့် လျှောက်ထားသူများ၏ အရည်အချင်းကို ထပ်မံစစ်ဆေးရန် ရည်ရွယ်ပြီး အဆိုပါ တိုက်ရိုက်ရွေးချယ်မှု အစီ အစဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက စတင် ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း ရန်ကုန် တက္ကသိုလ် သင်တန်းရေးရာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုလက်ရှိတွင် သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ် စသည့် ကျောင်းများက ဝင်ခွင့်ခေါ်သောအခါ လာရောက်လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူများကို သက် ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များ ရှိ ကျောင်းဝင်ခွင့် ရွေးချယ်ရေး ကော်မတီများမှ စိစစ်လက်ခံလျက် ရှိ ကြောင်း၊ အခြားသော ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များနှင့် ရန်ကုန်တက္ကသိုလ်ရှိ သင်တန်းများသို့ တက်ရောက်ရန် အတွက် လျှောက်ထားခြင်း များကိုမူ အဆင့်မြင့်ပညာ ဦးစီးဌာနက စိစစ်ရွေး ချယ်ခြင်း ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ ရန်ကုန်တက္ကသိုလ် အနေဖြင့် သစ်တော တက္ကသိုလ်၊ စိုက်ပျိုးရေး တက္ကသိုလ် တို့ကဲ့သို့ပင် ကျောင်းဝင် ခွင့် ရွေးချယ်ခြင်းကို တိုက်ရိုက်စိစစ် ရွေးချယ်သွားရန် စီစဉ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆိုပါ ရန်ကုန်တက္ကသိုလ်၌ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ် ၂၁ ခုကို လေးနှစ် ဘွဲ့သင်တန်းအဖြစ် ဖွင့်လှစ်သင်ကြားပို့ချ လျက်ရှိကြောင်း သိရသည်။  

No comments:

Post a Comment

back to top