Tuesday, October 14, 2014

မလေးရှားနိုင်ငံ ကုန်စည်ပြပွဲ ပါဝင်ပြသရန် မြန်မာကုမ္ပဏီ(၁၀)ခု ကို ဖိတ်ကြား


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ၊ Klang Chinese Chamber of Commerce and Industry(‘KICCI)အဖွဲ့အစည်းက ကြီးမှူးကျင်းပမယ့်“MALAYSIA 2nd KLANG YIWU FRIENDSHIP CITIES INTERNATIONAL COMMODITIES EXPO(KYICE)”ပြပွဲကို မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်အသင်းအဖွဲ့များ ပါဝင် တက်ရောက်ပါရန် ဖိတ်ကြားထားတယ်လို့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ သိရသည်။
ပြပွဲကို (၂၀၁၄)ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်မှ (၇)ရက်အထိ ကျင်းပပြုလုပ်သွား မှာဖြစ်ပြီး ပြပွဲမှာ“KYICE Exhibition”နဲ့ “Business Matching Forum”တို့ကိုပါ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပြီး ဒီကုန်စည်ပြပွဲမှာ တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း(၁၀၀)နဲ့ မလေးရှားနိုင်ငံမှ ကုမ္ပဏီပေါင်း(၁၅၀)ခုမှ ပါဝင်ပြသကြ မှာဖြစ်သည်။
မလေးရှားနိုင်ငံမှ ကုမ္ပဏီပေါင်း(၈၀၀)ကိုလည်း Business Matching Forum တွင် တက်ရောက်ပါရန် ဖိတ်ကြား ထားတယ်လို့ သိရပါတယ်။ ဒီပွဲကို တက်ရောက်ဖို့ အတွက် မြန်မာနိုင်ငံမှ ကုမ္ပဏီ(၁၀)ခုကို ဖိတ်ခေါ်ထားပြီး၊ ရွေးချယ်ခံရတဲ့ ကုမ္ပဏီများမှ တစ်ဦးစီအတွက် ဒီဇင်ဘာ(၄)ရက်မှ(၇) ရက်အထိ 4 star hotel တွင် တည်းခိုနေထိုင်စားရိတ်၊ စားသောက်စရိတ်နဲ့ ပြည်တွင်းသွားလာစရိတ်တွေကို စီစဉ်ပေးသွားမှာ ဖြစ်တယ်လို့ သိရှိရကြောင်း သတင်း ရရှိပါသည်။

No comments:

Post a Comment

back to top