(၂၀၁၄)ခုနှစ်စီးပွားရေးသိပ္ပံ နိုဘယ်ဆု Jean Tirole ရရှိ
(၂၀၁၄)ခုနှစ် စီးပွားရေးသိပ္ပံ နိုဘယ်ဆုကို ပြင်သစ်နိုင်ငံ၊ Toulouse 1 Capitol (တူလုစ် ၀မ်းကက် ပီတော) တက္ကသိုလ်မှ ပါမောက္ခ Jean Tirole (ယွန်တီရို)က ရရှိသွားကြောင်း သိပ္ပံဆိုင်ရာ ဆွီဒင် နိုဘယ်ဆု ရွေးချယ် ရေးအဖွဲ့က အောက်တိုဘာလ (၁၃)ရက်နေ့မှာ ကြေညာလိုက်သည်။
မစ္စတာတီရိုဟာ လက်ရှိ အချိန်ရဲ့ လွှမ်းမိုးမှုအရှိဆုံး စီးပွားရေး ပညာရှင်တွေထဲက တစ်ယောက် ဖြစ်ကြောင်း၊ အစိုးရတွေအနေနဲ့ တယ်လီ ကွန်မြူ နီကေးရှင်းမှသည် ဘဏ်လုပ်ငန်းအထိ အခန်းကဏ္ဍ များစွာအတွက် ထိန်းသိမ်းရေး မူဝါဒရေး ဆွဲနိုင်အောင် မစ္စတာတီရိုက အထွေထွေ ကန့်သတ်ချက်တွေကို တင်ပြခဲ့ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ပြောကြား ထားသည်။ ထို့အပြင် သူ၏လုပ်ဆောင်ချက်ကြောင့် အင်အားကြီးမားသည့် ကုမ္ပဏီများ ထုတ်လုပ်မှုအား ပိုမိုကောင်းလာအောင် အစိုးရများက တိုက်တွန်းအားပေးမှု လုပ်နိုင်သလို၊ တဖက်မှာလည်း ကုန်ဈေးနှုန်း တိုးမြှင့်သတ်မှတ်တာလိုမျိုး သုံးစွဲသူတွေအတွက် ထိခိုက် နစ်နာမယ့် လုပ်ရပ်မျိုး ကုမ္ပဏီများဘက်က မလုပ်အောင် တားဆီး ပေးနိုင် တယ်လို့ ဆွီဒင်နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ထည့်သွင်း ပြောကြားခဲ့ကြောင်း NHK မှ သတင်း ရရှိပါသည်။
No comments:
Post a Comment