Friday, October 24, 2014

ဥပဒေရေးရာ ဗဟုသုတ ရရှိရေး ဥပဒေရေးရာအမြင်ဖွင့်သင်တန်းများ ဖွင့်လှစ်ပေး
***********************************************************
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် ဥပဒေရေးရာအမြင်ဖွင့် သင်တန်းများကို ယခုလ ၁၈ ရက် နံနက် ၉ နာရီက မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမနှင့် ပေချောင်းကြီး ကျေးရွာ ရပ်ရွာပဒေသာ အဆောက်အအုံတို့တွင် တစ်ပြိုင်တည်း ဖွင့်လှစ်ပို့ချခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ဥပဒေရေးရာ အမြင်ဖွင့်သင်တန်းများ ဖွင့်လှစ်သင်ကြားစဉ်


အဆိုပါသင်တန်းများကို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ဥပဒေရေးရာ ကုစားရေး အဖွဲ့ (မြန်မာ) တို့ ပူးပေါင်းဖွင့်လှစ်ခဲ့ပြီး ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ) ဒါရိုက်တာ တရားရုံးချုပ် ရှေ့နေ ဒေါ်လှလှရီ၊ ဥပဒေပညာရှင် ဒေါ်အိအိမိုး၊ ဦးကျော်ဇေယျတို့က ကျား/မအခြေပြု အကြမ်းဖက် မှုနှင့် ပြစ်မှုဆိုင်ရာဥပဒေ၊ လူ့အခွင့်အရေးနှင့် အမျိုးသမီးများအတွက် ဥပဒေအကောအကွယ်များ၊ အခြေခံဥပဒေ ဗဟုသုတနှင့် တရားဥပဒေစိုးမိုးရေး၊ မြန်မာ့ဓလေ့ထုံးထမ်းဥပဒေ၊ ခုခံကာကွယ် ပိုင်ခွင့်များကို ပို့ချပေးခဲ့သည်။

သင်တန်းသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ ဥပဒေကို စိတ်ပါဝင်စားသူများ စုစုပေါင်း သင်တန်းသား ၆၀ တက်ရောက်ခဲ့ပြီး ညနေ ၄ နာရီခွဲတွင် သင်တန်းပြီးစီးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top