Tuesday, October 7, 2014

ချိုင်းနားအိုးပင်းချန်ပီယံဆု ဂျိုကိုဗစ် ငါးကြိမ်မြောက်ဆွတ်ခူး



ဘေဂျင်း− ကမ္ဘာ့နံပါတ်(၁) တင်းနစ်သမား နိုဗက်ဂျိုကိုဗစ်သည် ပြိုင်ဘက်ဖြစ်သည့် ချက်မှ တောမတ်စ်ဘာဒစ်ခ်ျကို ၆-၀၊ ၆-၂ ဖြင့် အနိုင်ရကာ ကစားသမား သက်တမ်းတွင် ငါးကြိမ်မြောက် ချိုင်းနားအိုးပင်းချန်ပီယံဆု ရရှိသွားသည်။

ဘေဂျင်းမြို့တွင် ပြုလုပ်သည့် ထိုပြိုင်ပွဲ သမိုင်း၌ တစ်ကြိမ်မှ မရှုံးဖူးသေးသည့် ဂျိုကိုဗစ်(၂၇) နှစ်သည် ကစားချိန် ၆၆ မိနစ်ဖြင့် ချိုင်းနားအိုးပင်း ဗိုလ်လုပွဲကို သက်သောင့်သက်သာ ကစားကာ အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။ ထို ဗိုလ်လုပွဲမှာ ၎င်းအတွက် ချိုင်းနားအိုးပင်းတွင် (၂၄) ပွဲမြောက် ဆက်တိုက် နိုင်ပွဲလည်း ဖြစ်ခဲ့သည်။
‘‘ဒီပွဲက ကျွန်တော့်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြတဲ့ပွဲလည်း ဖြစ်ပါလိမ့်မယ်။ တော်တော်ကြီးကို ထူးခြားပါတယ်။ တစ်နာရီ ကစားပြီးချိန်မှာပဲ ၆-၀ ၊ ၅-၀ ရလဒ်နဲ့ ကောင်းမွန်ခဲ့ပါတယ်’’ဟု ဆိုသည်။

No comments:

Post a Comment

back to top