Monday, October 27, 2014

၂၀၁၅ တွင် WHO မှEbola ဆေးကို သိန်းနှင့်ချီထုတ်လုပ်မည်

၂၀၁၅ ခုနှစ်နှစ်ဦးတွင် အီဘိုလာကာကွယ်ဆေးကို သိန်းနှင့်ချီပြီးထုတ်လုပ်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့WHOမှ ပြောကြားခဲ့ပါသည်။ ယခုအခါတွင် အီဘိုလာရောဂါ ကာကွယ်ဆေး (၂) မျိုးဖြင့် စတင် စမ်းသပ် ကုသနေပြီဖြစ်ပြီး နောက်ထပ် ကာကွယ်ဆေး (၅) မျိုးကိုမူ ၂၀၁၅ ခုနှစ်အတွင်းတွင် စမ်းသပ်ကုသနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း WHO မှပြောရေးဆိုခွင့်ရှိသူ Marie-Paule Kieny ကသတင်း ထောက်များကိုပြောကြားခဲ့ပါသည်။ 

အီဘိုလာရောဂါကုသရေးဆိုင်ရာ သုတေသနလုပ်ငန်းများအတွက် အလှူရှင်နိုင်ငံများမှ ငွေကြေးများ ထောက်ပံ့ လှူဒါန်းမည်ဖြစ် ကြောင်း ကတိက၀တ်ပြုခဲ့သည်ဟု သိရှိရပါသည်။ အီဘိုလာရောဂါ အဓိကဖြစ်ပွားနေသည့် အနောက် အာဖရိက ဒေသရှိ မာလီ နိုင်ငံတွင် ပထမဦးဆုံးသော အီဘိုလာရောဂါဝေဒနာရှင်ကို ဆေးဝါးကုသ ပေးရာတွင် တိုးတက်မှုများရှိကြောင်း မာလီနိုင်ငံ ကျန်းမာရေးဝန်ကြီးကပြောကြားခဲ့ပါသည်။
အနောက်အာဖရိကနိုင်ငံများဖြစ်သည့် ဂီနီ၊ လိုင်ဘေး ရီးယားနှင့် ဆီအဲယာလိယွန် နိုင်ငံများတွင် အီဘိုလာ ရောဂါကြောင့် လူဦးရေ (၄၉၀၀) နီးပါးသေဆုံးခဲ့ရသည့်အတွက် အမေရိကန်နိုင်ငံသည် ထိုနိုင်ငံ များမှ အမေရိကန်နိုင်ငံသို့ လာသည့်ခရီးသည်များကို (၂၁) ရက်ကြာ စောင့်ကြပ်စစ်ဆေးမှု များပြုလုပ် ရန်နှင့် နေ့စဉ်ကျန်းမာရေးအခြေအနေများကို အစီရင်ခံတင်ပြရန် အမေရိကန် ကျန်းမာရေး အရာရှိများက အမိန့် ထုတ်ထား ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

back to top