Monday, October 27, 2014

ပြည်တွင်း အင်တာနက် မြန်နှုန်း 10 GB အထိ တိုးချဲ့မည်


ပြည်တွင်း အင်တာနက် မြန်နှုန်း 10 GB အထိ  တိုးချဲ့မည် ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီး အတွင်း WCDMA ဖုန်း ကွန်ရက်အတွက် 3G ကွန်ရက်စနစ် စခန်း ၄၅ ခု တိုးမြှင့်ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ထိုင်းနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုတို့ ပူးပေါင်းပြီး နိုဝင်ဘာလမှ စတင်၍    ပြည်တွင်း အင်တာနက် မြန်နှုန်းများကို 10 GB အထိ တိုးချဲ့ပေးသွားရန် ဆောင်ရွက်နေကြောင်း၊ ထို့အပြင် ဧရာဝတီတိုင်း ဒေသကြီး အတွင်း မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး တာဝါတိုင် ၉၁ ခုရှိရာ ယခင်က  3G ကွန်ရက်စနစ်သုံး စခန်းများမှာ စုစုပေါင်း ၁၂ ခုသာ ရှိသည့်အတွက် ယခုအခါ  ၄၅ တိုင်သို့  တိုးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ  မိုဘိုင်းလ်ဖုန်း သုံးစွဲမှု အလုံးရေ ငါးသိန်းကျော် ခြောက် သိန်းခန့် ရှိပြီး တာဝါတိုင် ၂ဝ တိုးချဲ့ တည်ဆောက်မှုမှာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အတွင်း ပြီးစီးမည်ဟု သိရသည်။
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနသည် ပြည်တွင်း အင်တာနက် မြန်နှုန်းများ တိုးချဲ့ရန် နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများကို ယခုနှစ်ဆန်း ပိုင်းကာလက တင်ဒါခေါ်ယူမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။                    

No comments:

Post a Comment

back to top