Friday, October 31, 2014

အီဘိုလာကူးစက်ခံရသူ ဦးရေ (၁၃၀၀၀) အထိ ရောက်ရှိ


အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေဟာ (၁)သောင်း (၃)ထောင်အထိ ရှိသွားခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ကပြောကြားခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်အရ အီဘိုလာကူးစက်မှု အန္တရာယ် ဆိုးဆိုးရွားရွား ဖြစ်ပွားပြီးနောက် အာဖရိကနိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းမှာ အီဘိုလာ ကူးစက်မှုစတင် ဖြစ်ပွားနေသည့် တစ်ချို့နိုင်ငံများမှ ရရှိလာသည့် နောက်ဆုံးရ အခြေအနေများအပေါ် သုံးသပ်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
WHOက လူ (၁၃၇၀၃) ဦးသည် ဗိုင်းရပ်စ် ကူးစက်ခံရသည့် အခြေအနေ ဒါမှမဟုတ် ကူးစက်ခံနေရသည်ဟု သံသယရှိသည့် အနေအထားမှာ ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် စနေနေ့က ရောဂါကူးစက်ခံရသူ (၁) သောင်းရှိခဲ့ရာကနေ၊ ယခင် ကထက် များပြားလာခြင်းဖြစ်သည်။ ရောဂါကြောင့် သေဆုံးသူဦးရေဟာ (၄၉၂၀) ရှိခဲ့ပြီဖြစ် သည်ဟု WHOက ပြောကြားခဲ့သည်။
အီဘိုလာကူးစက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့တဲ့ လိုက်ဘေးရီးယားနိုင်ငံမှာ နောက်ထပ်ရောဂါဖြစ်ပွားသူ ဦးရေလျော့ကျ သွားသည်ဟု ထင်ရကြောင်း WHO လက်ထောက် ညွှန်ကြား ရေးမှူးချုပ် Bruce Aylward(ဘရုစ်အေလ်ဝါ့ဒ်)က အောက်တိုဘာလ (၂၉) ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ရောဂါကူးစက် ပျံ့ပွား မှုကို အပြီးသတ် မထိန်းချုပ်နိုင်သ၍ ရောဂါကူးစက်မှု အန္တရာယ်အခြေအနေကို ဆက်လက် စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ လိုက်ဘေးရီးယား နိုင်ငံအတွင်း ကူးစက်မှု အခြေအနေသစ်တွေ ရှိနေသေးတာကြောင့် လက်ရှိ အနေအထားကို ကျေနပ်အားရတာမျိုးတော့ မရှိဖူးလို့ Aylward (အေလ်ဝါ့ဒ်)က ပြောပါတယ်။ ထို့ပြင် အီဘိုလာ ကုသမှုဆိုင်ရာ အဆောက်အဦတွေ အပါအ၀င် ရောဂါ တိုက်ဖျက်ရေးအတွက် အခြားလိုအပ်သည့် အရာများကို နိုင်ငံတကာ အဖွဲ့အစည်းက ဆက်လက် ထောက်ပံ့ကူညီပေးဖို့ ကိုလည်း တောင်းဆိုခဲ့ကြောင်း NHKသတင်းမှာ ဖော်ပြထား ပါသည်။

No comments:

Post a Comment

back to top