Friday, October 31, 2014

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာလာလာ ကလေးသူငယ်ဆိုင်ရာ နိုဘယ်ဆုရရှိ




ကလေးသူငယ် အခွင့်ရေးဆိုင်ရာ လှုပ်ရှားသူတစ်ဦးဖြစ်ပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာလာလာ ယူဆက်ဖ်ဇာရီသည်  ဆွီဒင် နိုင်ငံတွင်၂၀၁၄ ခုနှစ် ကမ္ဘာ့ကလေးသူငယ် အခွင့်ရေးဆိုင်ရာ Children's Nobel ဆုကို ချီးမြှင့်ခံခဲ့ရသည် "မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရေးအတွက်သတ္တိရှိရှိ တိုက်ပွဲဝင်ခဲ့သည့်အတွက် အသက် ၁၇ နှစ် အရွယ်ရှိ မာလာလာကို ယခုကဲ့သို့ ဆုချီးမြှင့်ခဲ့တာပါ" ဟု ဆုပေးအပ်သည့်အဖွဲ့က ပြောကြားသည်။

မာလာလာသည် ယခုလအစောပိုင်းက ငြိမ်းချမ်းရေး နိုဘယ်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရကာ ကမ္ဘာပေါ်တွင် အသက်ငယ်ဆုံး နိုဘယ် ဆုရှင်တစ်ဦး ဖြစ်လာခဲ့သည်။ ကလေးငယ်များဆိုင်ရာ နိုဘယ်ဆုအဖြစ် လူအများ သိသော ယင်းဆုကို ရရှိခဲ့အတွင် ဂုဏ်ယူ မိပါကြောင်းမာလာလာက ပြောကြားခဲ့သည်။ ကမ္ဘာ့ကလေးသူငယ် အခွင့်ရေးဆိုင်ရာ နိုဘယ်ဆုကို ကမ္ဘာပေါ်တွင်ကလေးသူငယ် အခွင့်ရေးအတွက် ထောက်ပံ့လုပ်ဆောင် ပေးသူများကို ချီးမြှင်ခြင်း ဖြစ်သည်။

No comments:

Post a Comment

back to top