Friday, October 31, 2014

တစ်ပါတီစနစ်ကိုပဲ ကျင့်သုံးမည်ဟု ပြောကြားလိုက်သည့် တရုတ် နိုင်ငံ

တရုတ်နိုင်ငံဟာ နိုင်ငံတွင်းအရာရှိများကို နိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံကို စောင့်ထိန်းရန် ကျမ်းသစ္စာ ကျိန်ဆိုခိုင်းတော့မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အစိုးရအရာရှိများကို နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံကို စောင့်ထိန်းခိုင်းရန်အတွက် ကျမ်းသစ္စာကျိန်ဆိုခိုင်းတော့မည် ဖြစ်သည်ဟု သိရှိရပါသည်။
တရုတ်နိုင်ငံဟာ တစ်ပါတီစနစ်ရဲ့ အရေးပါပုံကို ထောက်ပြထားပြောဆိုထားပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအစိုးရကို ပြောင်းလဲဖို့ တိုက်တွန်း ထားသည့် အနောက်နိုင်ငံတွေရဲ့ တောင်းဆိုချက်ကို ပယ်ချထားပြီး၊ မူဝါဒ ဆုံးဖြတ်ချက်ကို ပြီးခဲ့သည့်အပတ်က ကျင်းပခဲ့သည့် တရုတ်ကွန်မြူ နစ်ပါတီအစည်းအဝေးမှာ သတ်မှတ်လိုက်ြခင်း ဖြစ်သည်ဟု နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာ၏  သတင်းတင်ပြချက်အရ သိရှိရပါသည်။
ကွန်မြူနစ်ပါတီ အစည်းအဝေးပွဲကို တရားဥပဒေ ပိုပြီးစိုးမိုးစေဖို့အတွက်ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဒီဇင်ဘာလ (၄) ရက်နေ့ကို နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံနေ့အဖြစ် ပြီးခဲ့သည့် တစ်ပတ် အစည်းအဝေးပွဲမှာ ချမှတ်ခဲ့ပြီး လက်ရှိကျင့်သုံးနေသည့် တရုတ်နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို (၁၉၈၂) ခုနှစ် ဒီဇင်ဘာလမှာ ပြဌာန်းထားခြင်းဖြစ်သည်။ တစ်ပါတီစနစ်မူဝါဒအရ သမ္မတတွေ၊ ၀န်ကြီးတွေနဲ့ အစိုးရအရာရှိတွေဟာ ပြည်သူလူထုရှေ့မှာ ပြဌာန်းထားတဲ့ အခြေခံဥပဒေကို စောင့်ထိန်းလိုက်နာရန် ကျမ်းသစ္စာကျိန်ဆိုရမှာ ဖြစ်သည်ဟု သိရှိရပါသည်။

No comments:

Post a Comment

back to top