Friday, October 31, 2014

ကာရိုက်တာတွေ မထပ်အောင် ရိုက်နေတဲ့ အပေါ် နားလည် စေချင်တယ်ဆိုတဲ့ အိချောပို


ပရိသတ်တွေ ဇာတ်လမ်းကြည့်တဲ့အခါ ကာရိုက်တာတွေ မထပ်အောင်နဲ့ ကာရိုက်တာ ဆန်းဆန်း လေးတွေကို လက်ခံရိုက်ကူးဖြစ်သည့် အပေါ် ပရိသတ်မျာားးလည်ပေး စေချင် ပါတယ်ဟု အိချောပိုက ပြောသည်။ ''အခုနောက်ပိုင်းရိုက်တဲ့ ဇာတ်လမ်းတွေမှာ အိချောအနေနဲ့ ကာရိုက်တာလေးတွေကို မထပ် အောင်နဲ့ ပရိသတ်ကို သမားရိုးကျ တစ်ပုံစံတည်း မမြင်စေချင်တဲ့ အတွက် ကာရိုက်တာအစုံကို ကြည့်စေချင်လို့ ဇာတ်ကောင်စရိုက် ဆန်းဆန်းလေးတွေကို လက်ခံ ရိုက်ကူးတာပါ။
 အဲဒီလို ကားလေး တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေ ရှိသလို အိချောကို အဲဒီလိုကာရိုက် တာမျိုးလေးတွေကို မရိုက်စေချင်တဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ အဲဒီပေါ်မှာလည်း အိချောရဲ့ ပရိသတ်တွေ နားလည် ပေးစေ ချင်ပါတယ်။ အခုဆို အိချောပါဝင်ထားတဲ့ ရုပ်ရှင် ကားကြီးဖြစ်တဲ့ အောင်မြင်ကျော်ကြား စူးရှထက်မြက်ဆိုတဲ့ ဇာတ်ကားကြီး ထွက်နေပါပြီ။ ဒီကားထဲမှာ လည်း အိချောနဲ့အတူ အနုပညာပျိုးခင်းက ညီအစ်မတွေလည်း ပါဝင်ထားပါတယ်။ ဒီကားကြီးက အိချောရဲ့ပထမဆုံး ရုပ်ရှင်ကားကြီးဖြစ်တဲ့အတွက် အိချောရဲ့ ပရိသတ်တွေ ဆီက တုံ့ပြန်သံလေးတွေ ကြားချင်ပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေ တော်ကြပါတယ်။ ပြီးတော့ သရုပ်ဆောင်တွေကို ကြိုက်တယ် လို့ ပြောတာကို လည်း ကြားချင်ပါတယ်။ ဒီထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေက ကိုယ့်ကာရိုက်တာကို ပီပြင်အောင် ကြိုးစားထားကြတဲ့ အတွက် ပရိသတ်အတွက် ကြည့်လို့ ကောင်း မယ့် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်မှာပါ''ဟု သူမက ပြောပြခဲ့သည်။ အိချောပိုသည် လတ်တလောတွင် ဇာတ်ကား ရိုက်ကူးမှုများ ဆက်တိုက် ရိုက်ကူးလျက် ရှိပြီး မြန်မာ-ဂျပန် ဖက်စပ်ရိုက်ကူးမှု ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင် သရုပ်ဆောင်ရန် ကမ်းလှမ်း ထားကြောင်း သိရသည်။

No comments:

Post a Comment

back to top