Friday, October 31, 2014

ကမ္ဘာ့ဖလား ၀င်ခွင့်တစ်နေရာရဖို့ ကြိုးစားကြပါလို့ တောင်အာဖရိက နည်းပြ တိုက်တွန်း


ဥရောပခရီး လှည့်လည် ကစားတဲ့အခါမှာ ကမ္ဘာ့ဖလား ၀င်ခွင့်ရဖို့ ကြိုးစားကြပါလို့ နည်းပြဟေးနက်မေယာက အသင်းသားတွေကို ဂျိုဟန်နက်စဘတ်မြို့မှာ ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါသည်။
နည်းပြမေယာဟာ အိုင်ယာလန်၊ အင်္ဂလန်၊ အီတလီ၊ ဝေးလ်အသင်းတွေနဲ့ ကစားဖို့ လက်ရွေးစင် (၃၆)ဦးကို ရွေးထားပါသည်။ အဲဒီပွဲတွေကို နိုဝင်ဘာ(၈)ရက်ကစပြီး အပတ်တိုင်း ကစားရမှာ ဖြစ်ပါသည်။ နောက်နှစ်ဇူလိုင်လနဲ့ သြဂုတ်လတွေမှာတော့ ရပ်ဘီချန်ပီယံရှစ် ပြိုင်ပွဲကို ကစားရပါမည်။ အဲဒီပြိုင်ပွဲက စက်တင်ဘာနဲ့ အောက်တိုဘာလမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲအတွက် ပြင်ဆင်ရတဲ့ ပြိုင်ပွဲပဲ ဖြစ်ပါသည်။ "နောက်နှစ် အင်္ဂလန် ကမ္ဘာ့ဖလားပွဲ မတိုင်ခင်တော့ ဘာပြိုင်ပွဲမှ မရှိပါဘူး။ လက်ရည်စမ်းပွဲ (၄)ပွဲပဲ ရှိပါသည်။ ဒါကြောင့် နောက်နှစ် ဇန်န၀ါရီကနေ ဇွန်၊ဇူလိုင်လလောက်အထိက ကစားသမားတွေလည်း ရှိမှာမဟုတ်ဘူး။ ဒါကြောင့် လာမယ့်လထဲမှာ ဥရောပ သွားကစားမယ့် ပွဲတွေကို ကြိုးစား ကစားရပါမယ်။ အဲဒီပွဲတွေကိုပဲ ကမ္ဘာ့ဖလားပွဲအတွက် အက်ျိုးရှိအောင် အသုံးချရပါမယ်"လို့ နည်းပြမေယာက သတင်းထောက်တွေကို ပြောပြပါသည်။ တောင်အာဖရိက ရပ်ဘီအသင်းဟာ စနေနေ့ နိုဝင်ဘာ(၁)ရက်မှာ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ကို ထွက်ခွာမည်။ တောင်အာဖရိက အသင်းဟာ နိုဝင်ဘာ(၈)ရက်မှာ အိုင်ယာလန်နဲ့ ကစားပြီး နောက်တစ်ပတ်မှာ အင်္ဂလန်နဲ့ ကစားမည်။ နိုဝင်ဘာ(၂၂)ရက်မှာ အီတလီနဲ့ ကစားပြီးနောက် တစ်ပတ်မှာ ဝေးလ်အသင်းနဲ့ ကစားမည်။

No comments:

Post a Comment

back to top