Apple မှ iPad Air 2 အသစ် မိတ်ဆက် ပြသ

အမေရိကန် အခြေစိုက် Apple ကုမ္ပဏီကနေ iPad Air 2ကို မိတ်ဆက် ပြသလိုက်ပါသည်။ ယခု ထွက်ရှိလာတဲ့ည i Padမှာ fingerprint sensorကို သင့်တင်ရုံသာ မွမ်းမံထည့်သွင်း ထားပါသည်။ ကြိုတင် မှာယူလိုသူတွေအတွက် အောက်တိုဘာ (၁၇) ကနေ စတင်မှာယူနိုင်ပြီး၊ လာမယ့် သီတင်းပတ်မှာပဲ ပို့ဆောင်မှုများ ဆောင်ရွက်ပေးသွားမှာ ဖြစ်သည်။
iPad Air 2ဟာ တန်ဖိုးငွေ အားဖြင့် အမေရိကန်ဒေါ်လာ (၄၉၉) ဒေါ်လာရှိပြီး၊ သူ့ထက်ပိုမိုသေးငယ်တဲ့ iPad mini 3ကတော့ ဒေါ်လာ (၁၀၀) ပိုမို ဈေးသက်သာမှာ ဖြစ်ပါသည်။ အရောင်းမြှင့်တင်ရေးဆိုင်ရာ ခေါင်းဆောင် Phil Schiller (ဖီးလ်ရှယ်လာ) ကတော့ ယခုမိတ်ဆက်ပေးတဲ့ iPadဟာ ကမ္ဘာ့အပါးလွှာဆုံး tablet ဖြစ်တယ်လို့ ညွှန်းဆိုခဲ့ပြီး၊ anti-reflective screenကဲ့သို့ features အသစ်တွေနဲ့ နောက်ဆုံးထွက်ရှိလာသည့် iPhones တွေမှာပါရှိတဲ့ Touch ID လက်ဗွေစနစ် ပါဝင်မည်ဟု သိရှိရပါသည်။ ထို့အပြင် ယခုနှစ်အတွင်း Tablet ရောင်းအားကို (၁၁)ရာခိုင်နှုန်းသာ တိုးမြှင့် နိုင်ကာ၊ စမတ်ဖုန်း ရောင်းအားတွေကတော့ ဆက်လက် မြင့်တက်နိုင်ဖွယ်ရှိပြီး၊ PC ကွန်ပျူတာတွေကတော့ အရောင်းထိုင်း နိုင်ဖွယ်ရှိသည်ဟု နည်းပညာဆိုင်ရာ သုတေသန ကုမ္ပဏီ Gartner(ဂါ့နာ)က ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါသည်။
No comments:
Post a Comment