အီတလီနိုင်ငံ မီလန်မြို့မှာကျင်းပခဲ့သည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ

အာရှ-ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ပြီး အီတလီနိုင်ငံ၊ မီလန်မြို့မှာ ပြုလုပ်တဲ့ အာရှ-ဥရောပ ထိပ်သီး ဆွေးနွေးပွဲဟာ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ အာရှ- ဥရောပ နိုင်ငံတွေက ခေါင်းဆောင်တွေဟာ အာရှ-ဥရောပ (အာယမ်) ထိပ်သီးတွေ့ ဆုံပွဲနှစ်ရက်ကြာ ဆွေးနွေးပွဲကို အီတလီနိုင်ငံ၊ မီလန်မြို့တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အငြင်း ပွားမှုတွေ ပေါ်ပေါက်လာပါက ကုလသမဂ္ဂ ပဋိဥာဉ်အပြင် နိုင်ငံတကာ ဥပဒေတွေနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ သဘောတူညီခဲ့ သည်ဟု ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
အီဘိုလာရောဂါဟာ ကမ္ဘာ့ကျန်းမာရေးနဲ့ လုံခြုံရေးတွေကို ခြိမ်းခြောက်လာနိုင်တာကြောင့် ခေါင်းဆောင်တွေက စိုးရိမ်ပူပန်ကြ သည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ အီဘိုလာရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် နိုင်ငံတွင်း၊ ဒေသတွင်း၊ နိုင်ငံတကာအဆင့်တို့ ပူးပေါင်းပြီး တိုက်ဖျက်သွားမည်ဟု ထုတ်ပြန်ဖော်ပြထားသည်။ ဒီထိပ်သီးဆွေးနွေးပွဲကို ဥရောပကောင်စီ ဥက္ကဌ " ဟာမန်ဗန်ယွမ်ပေး " က ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပြီး ဥရောပနဲ့ အာရှပူးပေါင်းဖို့အတွက် ပိုမိုပူးပေါင်းဖို့ လိုအပ် သည်ဟုလည်း ဆွေးနွေးပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာမှာ ပြောကြားထားသည်။
No comments:
Post a Comment