Friday, October 3, 2014

ကိုရီးယားဒရာမာဇာတ်လမ်းတွဲဆု သိမ်းကျုံးဆွတ်ခူးသွားတဲ့ You Who Came From The Star

SBS ရုပ်သံလိုင်းမှ ထုတ် လွှင့်ပြသခဲ့သော You Who Came From The Star ဒရာမာ ဇာတ်လမ်းတွဲသည် ၂၀၁၄ ကိုရီး ယားဒရာမာဇာတ်လမ်းတွဲ ထူး ချွန်ဆုပေးပွဲ (KDA) ၌ ဆုအများ ဆုံး ဆွတ်ခူးခဲ့သည်။ You Who Came From The Star ဇာတ်လမ်းတွဲသည် ၂၀၁၄ ခုနှစ်အတွက် အကောင်း ဆုံးဒရာမာဇာတ်လမ်းတွဲဆုကို ရရှိခဲ့သည်။ ယင်းဇာတ်လမ်းတွဲဖြင့် ကင်ဆူဟွန်းသည် ဆုပေးပွဲ၏ ဂုဏ်သတင်းအကြီးဆုံးဆုဖြစ် သော Daesang ဆုအပြင် အာရှတစ်ဝန်း၌ ကျော်ကြားမှုအတွက် Hallyu Hot Star ဆုကိုလည်း ရရှိခဲ့သည်။
You Who Came From The Star ဇာတ်လမ်းတွဲဖြင့်ပင် အန်းဂျယ်ဟွန်းက New Actor ဆုကို ရရှိခဲ့ပြီး ယင်းဇာတ်လမ်း တွဲတွင် ဗီလိန်အဖြစ် သရုပ်ဆောင် သော ရှင်းဆောင်ဟော့က Hot Star ဆု ရရှိခဲ့သည်။ You Who Came From  The Star ဇာတ်လမ်းတွဲသည် KDA ဆုပေးပွဲမှ ဆွတ်ခူးရရှိသော ဆုများစွာဖြင့် ၂၀၁၄ ခုနှစ်၏ လူ ကြိုက်အများဆုံးနှင့် အကောင်း ဆုံးဇာတ်လမ်းတွဲဖြစ်ကြောင်း သက်သေပြလိုက်သည်။ KDA ဆုပေးပွဲတွင် ကင်ဂျယ်ဂျွန်းက Triangle ဇာတ်လမ်းတွဲ ဖြင့် Top Excellence, Actor ဆုကို ရရှိခဲ့ပြီး အိုယွန်းဆိုးက Jang Bori is here ဇာတ်လမ်း တွဲဖြင့် Top Excellence, Actress ဆု ရရှိခဲ့သည်။ ၂၀၁၄ ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲ ထူးချွန်ဆုပေးပွဲကို အောက်တိုဘာ ၁ ရက်တွင် ဂျင် ဂျူမြို့ Gyeongnam ယဉ်ကျေးမှု နှင့် အနုပညာစင်တာ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး သရုပ်ဆောင်မင်းသ မီး ဂန်ဆိုရာနှင့် သရုပ်ဆောင်မင်း သား အိုဆန်ဂျင်တို့က တင်ဆက် သူများအဖြစ် ဆောင်ရွက်ပေးခဲ့ သည်။             

No comments:

Post a Comment

back to top