Thursday, October 2, 2014

သက်ကြီးရွယ်အိုများ နေထိုင်ရန် အကောင်းဆုံးနိုင်ငံသည် နော်ဝေ နိုင်ငံဖြစ်သည်ဟုဆို

နိုင်ငံပေါင်း ၉၆ နိုင်ငံ၏ ဘ၀နေ၀င်ချိန် နေထိုင်မှုအဆင့်အတန်း အညွှန်းကိန်းတစ်ခုအရ နော်ဝေနိုင်ငံသည် သက်ကြီး ရွယ်အိုများ အတွက် နေထိုင်ရန် အကောင်းဆုံးနေရာ ဖြစ်သည်ဟု ယမန်နေ့ ဘီဘီစီ သတင်းတွင် ဖော်ပြပါရှိသည်။ လူအိုများ ကူညီရေးနိုင်ငံတကာအဖွဲ့၏ ကမ္ဘာ့သက်ကြီးများစောင့်ကြည့် အညွှန်းကိန်းသည် အသက် ၆၀ ကျော် လူအိုများ၏ လူမှု ရေးနှင့် စီးပွားရေးရာတို့ကို တိုးတာခြင်း ဖြစ်သည်။
ကုလသမဂ္ဂနိုင်ငံတကာ သက်ကြီးရွယ်အိုများနေ့တွင် ဖြန့်ချိသော အဆိုပါ အညွှန်းကိန်းတွင် သြစတြေးလျ၊ အနောက်ဥရောပနှင့် မြောက်အမေရိကတို့သည် စံနှုန်းမြင့်မားပြီး အနိမ့်ဆုံးနိုင်ငံမှာ အာဖဂန်နစ္စတန် ဖြစ်သည်။
အစီရင်ခံစာ၌ ကြိုတင်ဟောကိန်း ထုတ်ထားသည်မှာ သက္ကရာဇ် ၂၀၅၀ ခန့်တွင် ကမ္ဘာ့လူဦးရေ၏ ၂၁ ရာခိုင်နှုန်းသည် အသက် ၆၀ ကျော်များဖြစ်ကြမည်ဖြစ်သည်။ သက်ကြီးရွယ်အိုတစ်ဦး၏ ၀င်ငွေ လုံလောက်မှု ရှိ၊ မရှိ၊ ကျန်းမာရေး ကောင်းမကောင်း၊ တစ်ကိုယ်ရေ စွမ်းဆောင်နိုင်မှု ပမာဏနှင့် ပြည့်စုံသော အသိုက်အ၀န်းတွင် နေထိုင်ရခြင်းရှိ၊ မရှိစသည့်ကဏ္ဍ လေးရပ်ကို အညွှန်းကိန်းက တိုးတာ ထားခြင်းဖြစ်သည်။
နော်ဝေနိုင်ငံ၏ နောက်တွင် ဆွီဒင်နိုင်ငံရှိပြီး၊ ယင်းနောက်တွင် ဆွစ်ဇာလန်၊ ကနေဒါနှင့် ဂျာမနီတို့ အသီးသီးရှိကြသည်။ ၂၀၁၅ ခုနှစ်ခန့်တွင် အညွှန်းကိန်းပါ နိုင်ငံပေါင်း ၄၀ နီးပါး၌ အသက် ၆၀ နှင့်အထက် လူအိုကြီးများသည် စုစုပေါင်း လူဦးရေ၏ ၃၀ ရာခိုင်နှုန်းရှိလာမည်ဖြစ်သည်။
၂၀၃၀ ခုနှစ်ခန့်တွင် အသက် ၆၀ နှင့်အထိက် လူဦးရေ စုစုပေါင်းသည် ၁ ဒသမ ၄ ဘီလီယံသို့ ရောက်ရှိမည်ဟု မျှော်လင့်ရကြောင်း ကုလသမဂ္ဂက ပြောသည်။

No comments:

Post a Comment

back to top