ကမ္ဘာ့ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမေရိကန် အဆင့်မြင့် အရာရှိများနှင့် တောင်ကိုရီးယားဆွေးနွေး
အမေရိကန်ပြည်ထောင်စုမှ အဆင့်မြင့် အရာရှိနှစ်ဦးသည် မြောက်ကိုရီးယား အရေးကိစ္စ အပါအဝင် ကမ္ဘာ့ရေးရာ ကိစ္စရပ်များကို တောင်ကို ရီးယားအရာရှိများနှင့် အောက်တိုဘာ ၆ ရက်က ဆွေးနွေး ခဲ့ကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စုမှ အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်လ် ရပ်ဆဲလ်နှင့် အာရှနှင့်ပစိဖိတ် လုံခြုံ ရေးရာ လက်ထောက် ကာကွယ်ရေး ဝန်ကြီး ဒေးဗစ်ရှီးယား တို့နှစ်ဦးသည် အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းက တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိခဲ့ပြီး ၎င်းနိုင်ငံ၌ သုံးရက်ကြာ လည်ပတ် သွားမည် ဖြစ်သည်။
အဆိုပါ အရာရှိနှစ်ဦးသည် အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီ မိနစ် ၂ဝ တွင် မြောက်ကိုရီးယား အပါအဝင် ကမ္ဘာ့ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တောင်ကိုရီး ယား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး လီကျောင်ဆိုးနှင့် တွေ့ဆုံ ၍ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပ ခဲ့ခြင်းဖြစ်သည်။ အမေရိကန် အဆင့်မြင့် အရာရှိကြီး နှစ်ဦး၏ အဆိုပါခရီးစဉ်သည် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ ကျင်းပခဲ့သော (၁၇) ကြိမ်မြောက် အာရှ အားကစားပွဲတော်ကြီး ပိတ်ပွဲ အခမ်း အနားသို့ မြောက်ကိုရီးယား အရာရှိသုံးဦး ရောက်ရှိခဲ့ပြီး နောက်တွင် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment