ယူရိုခြေစစ်ပွဲတွင် နယ်သာလန်ရှုံးပွဲတွေ့၊ ဝေးစ်လ်အနိုင်ရပြီး အုပ်စုကိုဦးဆောင်
ယူရို ၂၀၁၆ ခြေစစ်ပွဲများ ထပ်မံယှဉ်ပြိုင်ကစားခဲ့ကြရာ နယ်သာလန်က အဝေးကွင်းတွင် ရှုံးပွဲကြုံတွေ့ခဲ့ပြီး အီတလီ၊ ဝေးစ်လ်အသင်းများ အနိုင်ရရှိကာ အုပ်စု ကို ဦးဆောင်နေသည်။ အီတလီက မော်လ်တာကို ဂရာစီယာနိုပဲလီ၏ သွင်းဂိုးတစ်ဂိုးတည်းဖြင့် ကပ်နိုင်ပြီး ခရိုအေးရှားက အဇာဘိုင်ဂျန်ကို ခြောက်ဂိုး ပြတ်နိုင်ခဲ့သည်။ နယ်သာလန်မှာ ယူရိုခြေစစ် ပွဲများတွင် ခြေစွမ်းပြနေသော အိုက်စလန်ကို နှစ်ဂိုးပြတ်ဖြင့် ရှုံး နိမ့်ခဲ့သည်။
အိုက်စလန်အတွက် ဂိုးများ ကို ဆွမ်ဆီးကွင်းလယ်လူ ဆီဂတ် ဆန် တစ်ဦးတည်းက ပထမပိုင်း တွင် သွင်းယူခဲ့သည်။ နယ်သာလန်မှာ ယခုပွဲ ရှုံး နိမ့်ခဲ့၍ သုံးပွဲကစား၊ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံး ရလဒ်ဖြင့် အုပ်စုအေ တတိယနေရာသို့ ရောက်သွား သည်။ဝေးစ်လ်အသင်းသည် ယူရို ခြေစစ်ပွဲ ရှုံးပွဲမရှိ စံချိန်ကို ဆက် ထိန်းထားပြီး အိမ်ကွင်းတွင် ဆိုက် ပရပ်စ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။ ဝေးစ်လ်အသင်းအတွက် ဂိုး များကို ဒေးဗစ်ကော့တာရီနှင့် ဟယ်ရော့ဘဆန်ကနူးတို့က ပထမပိုင်းတွင် သွင်းယူပေးခဲ့ပြီး ဗင်ဆင့်လာဘန်းက ချေပဂိုး သွင်း ယူခဲ့သည်။
ဝေးစ်လ်အသင်းသည် သုံးပွဲ ကစား နှစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် ခုနစ်မှတ်ရရှိကာ အုပ်စု (B)ကို ဦး ဆောင်နေသည်။ ယမန်နေ့ကပင် ကစားခဲ့ သောပွဲများ၌ ဘယ်လ်ဂျီယမ်က ဘော့စနီးယားနှင့် တစ်ဂိုးစီသရေ ကျကာ အစ္စရေးက အန်ဒိုရာကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အီတလီလည်း နိုင်ပွဲရ၍ သုံး ပွဲကစား ကိုးမှတ်ဖြင့် အုပ်စု (H) တွင် ခရိုအေးရှားနှင့် ဦးဆောင် နေသည်။
No comments:
Post a Comment