Wednesday, October 15, 2014

ရှန်ဟိုင်း မာစတာ တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရော်ဂျာ ဖက်ဒါးရား ချန်ပီယံဖလား ဆွတ်ခူး



ဆွစ်ဇာလန် နိုင်ငံမှ နာမည်ကြီး တင်းနစ်ကျော် ရော်ဂျာ ဖက်ဒါးရားသည် တရုတ်နိုင်ငံ၌ အောက်တိုဘာ ၁၂ ရက်က ယှဉ်ပြိုင် ကစားခဲ့သော  ရှန်ဟိုင်းမာစတာ တင်းနစ် ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပြင်သစ် နိုင်ငံမှ တင်းနစ် ကစားသမား ဂေးလ်ဆိုင်မွန်ကို အနိုင် ရရှိခဲ့ပြီး ချန်ပီယံ ဖလားကို ဆွတ်ခူး သွားကြောင်း သိရသည်။

အဆိုပါ ဗိုလ်လုပွဲတွင် ကမ္ဘာ့တင်းနစ် ချန်ပီယံ ဖက်ဒါးရားက ဂေးလ်ဆိုင်မွန် ကို (၇-၆)၊(၇-၆)ဖြင့် အနိုင် ရရှိခဲ့ပြီး (၂၃)ကြိမ်မြောက် မာစတာ ချန်ပီယံ ဖလားကို သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။  အသက် ၃၃ နှစ်အရွယ်ရှိ ဖက်ဒါးရားသည် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ကမ္ဘာ့နံပါတ် တစ်အဆင့်ရှိ ဆားဘီးယား တင်းနစ်ကျော် ဂျိုကိုဗစ်ကို အနိုင်ရပြီးနောက် ဗိုလ်လုပွဲသို့ တက်ရောက် လာခြင်း ဖြစ်သည်။

No comments:

Post a Comment

back to top