ရွှေခြေထောက်ဆုကို အင်နီယေစတာရရှိ

ဘာစီလိုနာ ကွင်းလယ် ကစားသမား အင်နီယေစတာသည် ၂၀၁၄ ရွှေခြေထောက်ဆုကို ရရှိသွား ခဲ့ကြောင်း သိရသည်။ စပိန် လက်ရွေးစင် ကစားသမား အင်နီယေစတာသည် ရော်နယ်ဒို၊ ရွန်နီ၊အွန်နရီ၊ ပီယာလို စသည့် ကစားသမား များကို ကျော်ဖြတ်ရယူ နိုင်ခဲ့ခြင်း ဖြစ်သည်။
ယင်းဆုမှာအသက် (၂၈) နှစ်ကျော် ကစားသမား များကို အွန်လိုင်းမှ တစ်ဆင့် မဲပေးရွေးချယ်ခြင်း ဖြစ်ပြီး ဒရော့ဘာ၊ ဂစ်နှင့် အီဘရာဟီမိုဗစ် တို့လည်း ရရှိခဲ့ဖူးကြ သည်။ ပဏာမ ကစားသမား(၁၀)ဦး စာရင်းကို ဂျာနယ်လစ် များနှင့် ဆုရွေးချယ်ရေး အဖွဲ့ က ရွေးချယ် ပြီးနောက် ပရိသတ် များကို အွန်လိုင်းမှ တစ်ဆင့် ရွေးချယ်စေခဲ့ခြင်း ဖြစ်ပြီး အင်နီယေစတာမှာ စပိန် ကစားသမားများ ထဲတွင် သာမက ဘာစီလိုနာအသင်း၌ပါ ပထမဆုံး ဆုရရှိသူ အဖြစ် မှတ်တမ်းဝင် သွားခဲ့သည်။
ဆုပေးပွဲကို မိုနာကို မြို့တွင် အခမ်းအနားဖြင့် ကျင်းပပြုလုပ်ခဲ့တာ အင်နီယေစတာက ဇနီးဖြစ်သူနှင့်အတူ တက်ရောက်ပြီး ဆုလက်ခံ ရယူခဲ့သည်။ အသက် (၃၀) နှစ်အရွယ်ရှိ အင်နီယေစတာက ဆုရရှိခဲ့ခြင်း အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း တွစ်တာမှ တစ်ဆင့် ပြောကြား ခဲ့သည်။

No comments:
Post a Comment