Monday, October 27, 2014

ယာဉ်မောင်းလိုင်စင် အတု-အစစ် ခွဲခြားစက်ဖြင့် စစ်ဆေး အရေး ယူတော့မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေကြတဲ့ ယာဉ်တွေရဲ့ ယာဉ်မောင်းတွေဟာ တရားဝင်လိုင်စင်နဲ့ မောင်းနှင်မှုရှိ-မရှိ လိုင်စင်အတု-အစစ် ခွဲခြားတဲ့စက်နဲ့ မကြာမီ စစ်ဆေးအရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့မှ သိရသည်။

ယာဉ်လိုင်စင်အတု ကိုင်ဆောင်ကာ မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေကို လိုင်စင်အတု၊ အစစ် ခွဲခြားနိုင်တဲ့စက်နဲ့ စစ်ဆေးကာ ဖမ်းဆီး အရေးယူမှု ပြုလုပ်နိုင်ဖို့အတွက် အဲဒီစက်ကို တပ်ဖွဲ့ဝင်တွေ အားလုံးကို စက်တပ်ဆင်ပေးပြီး ထိရောက်တဲ့ အရေးယူ မှုတွေ ပြုလုပ် သွားမှာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။ အဲဒီလိုအရေးယူ ဆောင်ရွက်ရာမှာ လိုင်စင်အတု ကိုင်ဆောင် အ သုံးပြု နေကြောင်း တွေ့ရှိပါက ငွေဒဏ်နှင့်ထောင်ဒဏ် နှစ်ရပ်လုံးနဲ့ အရေးယူသွားမှာဖြစ်ပြီး အဲဒီလို ဖမ်းဆီးနိုင်ဖို့အတွက်လည်း အဖွဲ့(၉)ဖွဲ့ဖွဲ့ကာ မြို့နယ် (၃၁)မြို့နယ်မှာ  လှည့်ကင်းစနစ်နဲ့ စည်ပင်ရဲ၊ နယ်မြေခံရဲ့၊ ကညန၊ပို့/ဆက်၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင် အရာရှိဦးစီး (၁၂)ဦးတို့နဲ့ စစ်ဆေး သွားမှာဖြစ်ကာ လိုင်စင်အတု ကိုင်ဆောင်ပါက ပြစ်မှုဥပဒေပုဒ်မ ၄၂၀(လိမ်လည်မှု) အပြင်ပုဒ်မ ၄၆၈ (စာရွက်စာတမ်း အတုပြုလုပ်မှု)နဲ့ပါ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဇွန်(၁)ရက်မှ စတင်ကာ စည်းကမ်းချိုးဖောက်မှု များပြားတဲ့နေရာတွေမှာ အဖွဲ့တစ်ဖွဲ့ကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိဦးစီး တပ်ဖွဲ့ဝင်(၁၂)ဦး၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရဲတပ်ဖွဲ့၊ ကညနနဲ့ မထသ(မြို့တွင်း အုပ်ချုပ်ရေးအဖွဲ့များ) ပူးပေါင်းပါဝင်တဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းအဖွဲ့ဖွဲ့ပြီး လှည့်လည်ကာ စစ်ဆေးမှုတွေ ဆောင်ရွက်နေရာ စုစုပေါင်း(၃၂၀၇)မှုအထိ ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး အဲဒီအမှုတွေထဲမှာ မီးနီဖြတ်မှု(၄၂)မှု၊ လမ်းပိတ် ရပ်မှု(၁၆၉)မှုနှင့် လမ်းပြောင်းပြန်မောင်းမှု (၁၆၈)မှုတို့ ပါဝင်တယ်လို့ ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးထံက သတင်းရရှိပါသည်။

No comments:

Post a Comment

back to top