Thursday, October 30, 2014

ဖီဖာဘလွန်းဒီအောဆု ရော်နယ်ဒို ရေပန်းစား

ပြီးခဲ့သည့်နှစ်က ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သော ရော်နယ်ဒိုမှာ ယခုနှစ်တွင်လည်း ယင်းဆုအတွက် ရေပန်း အစားဆုံး ဖြစ်နေပြီး ဘာစီလိုနာမှ လီယွန်နယ် မက်ဆီမှာ ဒုတိယလိုက်နေသည်။ ၂၀၁၄ ခုနှစ်အတွင်း ရော်နယ်ဒို ချိုးဖျက်ခဲ့သော စံချိန်စာရင်းမှာ ရှည်လျားပြီး ယင်းအတွက်ကြောင့် ဘလွန်းဒီအောဆု ဆက်လက် ထိန်းသိမ်းရန် ရေပန်းစားနေခြင်း ဖြစ်သည်။ ရီးရဲလ်မက်ဒရစ်အသင်းကို ဒသမမြောက်  ချန်ပီယံဖလားရရှိရန် ကူညီပေးခဲ့ချိန်တွင် ရော်နယ်ဒိုသည် ၁၇ ဂိုး သွင်းယူခဲ့ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက်  မည်သည့် ကစားသမားမှ ထိုမျှ ဂိုးမသွင်းနိုင်ခဲ့ပေ။
ဥရောပထိပ်သီး ဂိုးသွင်းရှင် မှာ လာလီဂါတွင် ဂိုးအများဆုံး သွင်းယူထားသူဖြစ်ပြီး ယခုနှစ် လာလီဂါပြိုင်ပွဲ   ရှစ်ပွဲ၌  ခုနစ်ပွဲသာ ပါဝင် ကစားခဲ့သော်လည်း ၁၅ ဂိုးအထိ သွင်းယူထားရာ ယင်းသို့ သွင်းယူနိုင်သည့် ပထမဆုံးသော ကစားသမားဖြစ်လာသည်။
လောင်းကစားကုမ္ပဏီ Pad-dy Power က ရော်နယ်ဒို ကမ္ဘာ့အကောင်းဆုံးဆု ထပ်မံရရှိရန် ၁/၆ (တစ်လေး၊ ခြောက်လေး) ပေးထားကာ မက်ဆီကို ၈/၁ (ရှစ်လေး၊ တစ်လေး)၊ သောမတ်စ်မူ လာ (၁၆/၁)၊ နူအာ (၂၅/၁)၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ် (၄၀/၁)လေးဖြင့် အသီးသီး အလေးပေးထား ကြသည်။

No comments:

Post a Comment

back to top