Thursday, October 30, 2014

ဖယ်လ်ကာအိုကို ရာသီကုန်တွင် အပြီးသတ်ခေါ်ယူရန် မန်ယူ သဘောတူညီမှုရရှိ

မန်ယူအသင်း သည် မိုနာကိုမှ အငှားခေါ်ယူထားသော ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုကို ယခုရာသီကုန်တွင် အငှား စာချုပ်သက်တမ်း ပြည့်သည်နှင့် တစ်ပြိုင်နက် ပြောင်းရွှေ့ကြေး ယူရို ၅၆ သန်းဖြင့် အပြီးသတ်ခေါ်ယူသွားရန် သဘောတူ ညီမှု ရခဲ့သည်။

မန်ယူသည် ဖယ်လ်ကာအိုကို ခေါ်ယူခဲ့စဉ်ကပင် ယူရို ရှစ်သန်းဖြင့် တစ်ရာသီ အငှား စာချုပ် သက်တမ်း ပြည့်ပါက အပြီးသတ် စာချုပ် ချုပ်ဆို ခေါ်ယူခွင့် ပေးရန် သဘောတူညီမှု ယူထားခဲ့ပြီး ဖြစ်သည်။ မန်ယူသည် ဖယ်လ်ကာအိုအား တစ်ပတ်လျှင် လုပ်ခ ယူရို ၃၀၅,၀၀၀ ဖြင့် ပေးထားပြီး ၎င်းကို အပြီးသတ် စာချုပ်ရာတွင်လည်း ထိုနှုန်းအတိုင်း ဆက်လက် ပေးသွားမည်ဟု ဆိုသည်။ ဖယ်လ်ကာအို၏ အေးဂျင့်ဖြစ်သည့် ဂျော့ခ်ျမန်းဒက်စ်မှာ မန်ယူအသင်း အမှုဆောင်လူကြီးများနှင့် နီးစပ်သည့် ဆက်ဆံရေး ရှိသူ ဖြစ်ပြီး တိုက်စစ်မှူး ကိုယ်တိုင်ကလည်း အသင်းတွင် ရာသီကုန်သော်လည်း နေချင်ကြောင်း ပြောခဲ့၍ အပြီးသတ် ဝယ်ယူမှု အစီအစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဖယ်လ်ကာအိုသည် မိုနာကို၌ ဒဏ်ရာကြောင့် နားနေစဉ်အတွင်း ဂျူဗင်တပ်၏ ကမ်းလှမ်းမှု ရခဲ့ပြီး အီတလီသို့ ရောက်ရန် နီးစပ်ခဲ့သော်လည်း မန်ယူက ဈေးကွက်ပိတ်ခါနီးတွင် ပိုကောင်းသည့် ကမ်းလှမ်းမှုဖြင့် ခေါ်ခဲ့၍ မန်ယူသို့ ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ဂျူဗင်တပ် မန်နေဂျင်းဒါရိုက်တာ မာရော့တာက မကြာမီက RAI သတင်းနှင့် တွေ့ဆုံမှုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဖယ်လ် ကာအိုသည် မန်ယူတွင် လက်ရှိ၌ ပရီးမီးယားလိဂ် ငါးပွဲကစားပြီး တစ်ဂိုး သွင်းထားကာ ပြီးခဲ့သည့် သီတင်းပတ် ချယ်လ်ဆီးနှင့် ပွဲတွင်မူ လေ့ကျင့်ရေးတွင် ဒဏ်ရာ ရထားခဲ့မှုကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။

No comments:

Post a Comment

back to top