Thursday, October 2, 2014

Windows 8 ၏ အားနည်းချက်များကို ဖာထေးသည့်အနေဖြင့် Windows 10 အား Microsoft ထုတ်လုပ်မည်
Windows 8 ကိုနှစ်သက်မှုမရှိသော စီးပွားရေးလုပ်ငန်းများအတွက် ကုမ္ပဏီ၏ အမြင့်ဆုံး ထုတ်ကုန်ဖြစ်သည့် Windows 10 ကို ထုတ်လုပ်ကာ IT စီမံအုပ်ချုပ်သူများ အကြိုက် တွေ့စေရမည်ဟု Microsoft က ကတိပြုထား သည်။
Windows 8 ၏ အမှားအယွင်းများကို စမ်းသပ်ပြင်ဆင်ပြီး၊ လာမည့်နွေရာသီတွင် Windows 10 အား စီးပွားဖြစ် ထုတ်လုပ် သွားမည်ဟု ဆိုသည်။ Windows 10 သည် PCs နှင့် tablets များအတွက်သာမက  Xbox console နှင့် စမတ်ဖုန်းများ အတွက်လည်း အသုံးပြုနိုင်မည်ဖြစ်သောကြောင့် ကိရိယာများ စွာအတွက် တစ်ခုတည်းသော OS ဖြစ်ကြောင်း Windows ဖုန်းများ တွင် အစားထိုးသွားမည်ဖြစ်ကာ တစ်ခုတည်းသော app store နှင့်အတူ “တစ်နေရာတည်းတွင် အားလုံးစုစုံသော application platform” တစ်ခုဖြစ်လာမည်ဟု Microsoft က ပြောကြားခဲ့ကြောင်း သိရသည်။ 

No comments:

Post a Comment

back to top