(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ နေပြည်တော် တွင် ကျင်းပမည
(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေး များကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယင်းထိပ်သီး အစည်း အဝေးများ အတွက် ကြိုတင်ပြင်ဆင်မှု အဖြစ် အာဆီယံ အဆင့်မြင့် အရာရှိကြီးများ အစည်း အဝေး၊ အာဆီယံ စီးပွားရေး အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၊ အာဆီယံ+၃ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၊ အရှေ့အာရှ ထိပ်သီး အစည်းအဝေး ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၊ အာဆီယံ ထိပ်သီး အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရေး မဏ္ဍိုင်(၃)ရပ်တွင် တာဝန်ရှိသည့် အဆင့်မြင့် အရာရှိကြီးများ၏ ပူးတွဲညှိနှိုင်းမှု အစည်းအဝေး၊ ၂ဝ၁၅ ခုနှစ်အလွန် အာဆီယံ အသိုက်အဝန်း၏ အနာဂတ် မျှော်မှန်းချက် ဆိုင်ရာ အာဆီယံ ညှိနှိုင်းမှု ကောင်စီလုပ်ငန်း အဖွဲ့၏ ဒုတိယ အကြိမ် အစည်းအဝေး တို့ကို နေပြည်တော်ရှိ ဂရန်းအမရ ဟိုတယ်နှင့် လိပ်ဗျူးဟိုတယ်များတွင် ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၈ ရက်မှ စတင် ကျင်းပလျက် ရှိသည်။
ယနေ့တွင် အာဆီယံ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် အာဆီယံ-အမေရိ ကန် ပြည်ထောင်စု မူကြမ်း ပြုစုရေး အစည်းအဝေးများကို ကျင်းပခဲ့သည်။ အာဆီယံ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို နိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံ ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ ၁ဝ နိုင်ငံမှ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် အာဆီယံ အတွင်း ရေးမှူးချုပ် ရုံးမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် ကျင်းပမည့် (၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ အတွက် ကြိုတင် ပြင်ဆင်ရေး၊ အာဆီယံ အသိုက်အဝန်း ထူထောင်ရေး ဆိုင်ရာ၊ အာဆီယံပြင်ပ ဆက်ဆံ ရေးဆိုင်ရာ၊ အာဆီယံ၏ အဖွဲ့အစည်းပိုင်း ဆိုင်ရာ စွမ်းရည် မြှင့်တင်ရေးနှင့် အာဆီယံ၏ အနာဂတ် အတွက် ကြိုတင်ပြင်ဆင်ရေး ဆိုင်ရာ အခြေခံ ကိစ္စရပ်များ အပေါ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။
အာဆီယံ-အမေရိကန် မူကြမ်း ပြုစုရေး ဆိုင်ရာ အစည်းအဝေးတွင် နိုဝင်ဘာလ၌ ကျင်းပမည့် ဒုတိယ အကြိမ်မြောက် အာဆီယံ-အမေရိကန် ပြည်ထောင်စု ထိပ်သီး အစည်းအဝေးတွင်ထုတ်ပြန်မည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးတွဲကြေညာ ချက် အပေါ် အသေးစိတ် ညှိနှိုင်းခဲ့ကြသည်။
|
အားမာန်သစ်
Friday, October 10, 2014
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment