ကာတာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ပြိုင်ပွဲအတွက် မြန်မာလူငယ်များကို ဖိတ်ခေါ်
ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ဒီဇင်ဘာ(၇) ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ITU Telecom World (2014) ပြပွဲ အစီအစဉ်မှာ တစ်ခုအပါအ၀င်ဖြစ်သည့် Young Innovation Competition Challenge (2014) ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံမှ လူငယ်များကို ဖိတ်ခေါ် ထားကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ သိရသည်။
ICT နည်းပညာကို အသုံးပြုပြီး ဆန်းသစ်တီထွင်မှုပြိုင်ပွဲကို စိတ်ဝင်စားသည့် အသက်(၁၈)နှစ်ကနေ (၃၀) အတွင်း လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး မြန်မာနိုင်ငံက လူငယ်များအနေနဲ့လည်း သတ်မှတ်ချက်နဲ့ ကိုက် ညီသူများ ပါဝင်ယှဉ်ပြိုင် နိုင်ကြောင်း သိရသည်။ ပြိုင်ပွဲ၌ ဆုရရှိသူများကို ITU Telecom Program 2014 ပြပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရမှာဖြစ်ပြီး Showcase အနေနဲ့ ပါဝင်ပြသနိုင်မှာ ဖြစ်ကာ ၀င်ရောက် ယှဉ်ပြိုင်တဲ့ Programme တွေ အကောင်အထည်ဖော်နိုင်ရေး အတွက် ITU က ဆုကြေးငွေ အမေရိကန် ဒေါ်လာ(၅၀၀၀) ဆုချီးမြှင့်မည် ဖြစ်သည်။
No comments:
Post a Comment