Friday, October 10, 2014

ပထမဆုံး အကယ်ဒမီဆု အဖြစ် မျှော်မှန်းမိတဲ့ကားကြီး တစ်ကားပါ ဆိုတဲ့ သိင်္ဂီထွန်း



အကယ်ဒမီ ထူးချွန်ဆုအတွက် ရွေးချယ်ထားသော ဇာတ်ကားများထဲတွင် တစ်ကား အပါအဝင် ဖြစ်သည့် စုန်းပြူးတွင် မုန်တိုင်း၏ မိခင်နေရာမှ ပါဝင်သရုပ်ဆောင်ကာ ကျရာကာရိုက်တာနှင့် တစ်ထပ်တည်းကျအောင် သရုပ်ဆောင်နိုင်ခဲ့သူ သိင်္ဂီထွန်းက စုန်းပြူဇာတ်ကားကြီးသည် သူမအတွက် ပထမဆုံး အကယ်ဒမီဆု ရရှိရန် မျှော်မှန်းမိသည့် ကားကြီး တစ်ကားဖြစ်ကြောင်းကို  ယခုလို ပြောပြခဲ့သည်။
''ဒီကားကြီးကို ကြည့်ကြတဲ့ ပရိသတ်တွေကလည်း အစ်မကို အကယ်ဒမီဆု ရစေချင်တယ်လို့ သိရတော့ ဝမ်းသာပါတယ်။ အစ်မကိုယ်တိုင်လည်း ဒီကားမှာ ကြိုးစားပြီး သရုပ်ဆောင် ထားပါတယ်။ ဒီကားရိုက်တော့မယ် ဆိုတဲ့ အချိန်ကစပြီး အစ်မအနေနဲ့ ဒီကာရိုက်တာကို စိတ်ထဲမှာ သွင်းထားတယ်။  မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သားသမီး ပေါ်မှာ ထားတဲ့စိတ်။ သားသမီးသုံးယောက် မတည့်တဲ့ ကြားထဲမှာ ရန်ဖြစ်လိုက်တိုင်း မုန်တိုင်းကြောင့်လို့ ထင်ပြီး သူ့အပေါ်မှာ ချစ်ပေမယ့်လည်း ကရုဏာဒေါသနဲ့ ပြောဆိုတဲ့ အခန်းတွေကို ကိုယ်ကိုယ် တိုင်လည်း ကြိုက်တယ်။ နောက်ဆုံး ဇာတ်သိမ်းခန်းမှာ ကိုယ်ကဆိုးတယ်လို့ ထင်ထားတဲ့ သားတစ်ယောက်၊ စုန်းပြူးလို့ ထင်ထားတဲ့ သားတစ်ယောက် အားလုံးက သိုးမည်း တစ်ကောင်လို မြင်နေတဲ့သူက နောက်ဆုံးမှာ သိုးဖြူ တစ်ကောင်ပါလားလို့ သိလိုက်ရတဲ့ အချိန်မှာ အရာရာက နှောင်းသွားခဲ့ပါပြီ။ အဲဒီအချိန်မှာ လုံးဝကို ဆို့နင့်စွာ ငိုကြွေးနေရတဲ့ မိခင် တစ်ယောက်အဖြစ် ပရိသတ်တွေက ဒီလိုဇာတ်သိမ်းမျိုးလို့ မထင်ရအောင်ကို ဇာတ်က လုံးဝ ပြောင်းသွားပြီး ပရိသတ်ကိုဆွဲခေါ် သွားရတဲ့ ကာရိုက်တာမျိုးပေါ့။ အဲဒီလို အခန်းတွေဆို တကယ်အားရခဲ့တယ်။ ပရိသတ်တွေကလည်း အားပေးတဲ့ အတွက်ကြောင့် အကယ်ဒမီဆုကို မျှော်မှန်း မိပါတယ်။ ဒီကားက အစ်မအတွက် ပထမဆုံး အကယ်ဒမီဆု ရနိုင်တဲ့ ကားကြီး တစ်ကားလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သိပ်တော့ မမျှော်လင့်ရဲပါဘူး'' ဟု သိင်္ဂီထွန်းက ပြောပြ ခဲ့သည်။      

No comments:

Post a Comment

back to top