Monday, October 27, 2014

လူငယ်များသည် လူငယ်ခေါင်းဆောင်ဖြစ်သည်နှင့်အညီ ခေါင်းဆောင်မှုအင်္ဂါရပ်များ ရှိရ မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးခင်အောင်မြင့် မှာကြား
******************************************************************
အောက်တိုဘာ ၂၅ ရက် နေ့လည် (၁) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးခင်အောင်မြင့်နှင့် မြို့နယ်၊ ရပ်/ကျေးပါတီဝင်များ တွေ့ဆုံခဲ့ရာ တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၊ ရမည်းသင်းခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် ဦးသိန်းဝင်း၊ ဦးထွန်းထွန်းဝင်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးကျော်ကျော်နှင့် ကော်မတီဝင်များ၊ ကျေးရွာအုပ်စု (၈၃)အုပ်စုမှ လူငယ်တာဝန်ခံများနှင့် တွေ့ဆုံခဲ့သည်။
ဗဟိုအတွင်းရေးမှူး ဦးခင်အောင်မြင့် ပျော်ဘွယ်မြို့နယ် ရပ်/ကျေး ပါတီဝင်များ၊ လူငယ်တာဝန်ခံများနှင့် တွေ့ဆုံစဉ်

အခမ်းအနားတွင် ဗဟိုအတွင်းရေးမှူး ဦးခင်အောင်မြင့်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့နိုင်ငံလူဦးရေ၏ (၂ဝ%)သည် လူငယ်များဖြစ်ကြောင်း၊ လူငယ်ထုတစ်ရပ်လုံးကို စည်းရုံးရန်အတွက် လူငယ်ခေါင်းဆောင်များ မွေးမြူ ထားရန်ဖြစ်ကြောင်း၊ မိမိတို့ လူငယ်များသည် လူငယ် ခေါင်းဆောင်ဖြစ်သည်နှင့်အညီ ခေါင်းဆောင်မှု အင်္ဂါရပ်များ ရှိရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
၎င်းနောက် ကျောင်းရွာကျေးရွာမှ မခင်မာနှင်း၊ အုန်းပင်ကျေးရွာမှမောင်ဇော်မျိုးအောင်၊ ရှမ်းစုကျေးရွာမှ မခိုင်ဇင်ဦး၊ သပြေပင်ကျေးရွာမှ မမိုးသူဇာဝင်းနှင့်ရှမ်းပွဲရပ်ကွက်မှ မဝေဝေမြင့်တို့က လူငယ်ရေးရာနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြ ခဲ့ကြကြောင်း သတင်းရရှိသည်

No comments:

Post a Comment

back to top