Monday, October 27, 2014

ပြည်သူများထံ အရောက်သွား၊ ပြည်သူ့အခက်အခဲများကို နားထောင်ဖြေရှင်းပေးခြင်းဖြင့် ယုံကြည်မှု တည်ဆောက်သွားရန် လိုဟု တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော် မှာကြား
**********************************************************************
တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသိန်းဇော် ရှမ်း(ရှေ့) ပြည်နယ်/ခရိုင်နှင့် မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံစဉ်
"ယနေ့ နိုင်ငံတော်ကိုဦးဆောင်နေသည့် အစိုးရအဖွဲ့သည် မိမိတို့ပါတီမှဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေ သကြီး/ပြည်နယ် လွှတ်တော်များတွင် မိမိတို့ ပါတီကိုယ်စားလှယ်များ အများဆုံးပါဝင်ပါကြောင်း၊ တိုင်းပြည် တည် ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို မိမိတို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်လုပ်ကိုင်လျှက် ရှိနေပါကြောင်း၊ မိမိတို့ပါတီကို ယုံကြည်စိတ်ချစွာ ရွေးချယ်ပေးခဲ့သော ပြည်သူလူထုနှင့် ထိတွေ့မှုများများ ဆောင်ရွက်သွား ရန်နှင့် ပြည်သူ့အခက်အခဲများကို နားထောင်ဖြေရှင်းပေးခြင်းဖြင့် ယုံကြည်မှုများ တိုးတက်ခိုင်မာ လာအောင် တည်ဆောက်သွားရမည်မှာ ပါတီကော်မတီဝင်များ၏ တာဝန် ပင်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် မြန်မာနိုင်ငံမြောက်ဖျားပိုင်းမှ တောင်ပိုင်းဖျားထိ မြို့နယ်အသီးသီးတွင် ရှိနေပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ရှိနေပြီး ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုရရှိရန်အတွက် ပါတီဌာနချုပ် အနေဖြင့် တောင်သူလယ်သမား၊ အလုပ်သမား နှင့် လူငယ် ဖိုရမ် ဆွေးနွေးပွဲများကို မြို့နယ်အဆင့်မှ ရပ်/ကျေးအဆင့်ထိ ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ပြည်သူ့ပါတီ မဟာဗျူဟာ ဖေါ်ဆောင်ရေး သင်တန်း များကိုလည်း မြို့နယ်တိုင်း ဖွင့်လှစ်သွားရန်နှင့် ပြည်သူလူထုအတွင်း Door to Door သွားရောက်ကာ ပြည်သူ့အခက်အခဲ များကို မေးမြန်းခြင်း၊ ကူညီခြင်း များကိုလည်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ ထိုလုပ်ငန်းစဉ်များအတွက် ပါတီဌာနချုပ်အနေဖြင့် ထိုက်သင့်တဲ့ ပံ့ပိုးမှုများပေးသွားမည်ဖြစ် ပါကြောင်း၊ ပြည်သူကို တစ်ဦးချင်းထိတွေ့သွားရန် လိုအပ်ပါကြောင်း၊

တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသိန်းဇော် နှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ရှမ်း(ရှေ့) ပြည်နယ်/ခရိုင်နှင့် မြို့နယ်
ပါတီကော်မတီဝင်များ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အသင်းဘ၀က ပြည်သူများသည် မိမိတို့ ပြည်ခိုင်ဖြိုး အသင်းကို လာရောက်ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ ပါတီစုံခေတ်သို့ ရောက်ရှိသောအခါ ပါတီဝင်များမှ ပြည်သူလူထုထံ သွားရောက် ရမှာဖြစ်ပါကြောင်း၊ အိမ်ပေါက်စေ့သွားရောက်ကာ ပြည်သူများ၏ ခံစားချက်များကို နားထောင်ရမည့် အချိန်ဖြစ်ပါကြောင်း၊ ပြည်သူတစ်ဦးချင်းစီ၏ အရေးများကို ဆောင်ရွက်ပေးခြင်းသည် နိုင်ငံရေးဖြစ်ပါကြောင်း၊ ပြည်နယ် ပါတီအနေဖြင့် ပါတီဝင်များအချင်းချင်း စည်းရုံးရေးကို လုပ်ဆောင်သည့်အနေဖြင့် ပါတီတွင်း ဆွေးနွေးပွဲများကို များများပြုလုပ်သွားရန် လိုအပ်ပါကြောင်း၊ အဆိုပါဆွေးနွေးပွဲများမှ စည်းရုံးရေးဆိုင်ရာ မူဝါဒများချမှတ်သွားရန် လိုအပ်ပါကြောင်း၊ (စိမ်း၊၀ါ၊နီ) စီမံချက်ကို ရေးဆွဲသွားရန် လိုအပ်ပါကြောင်း၊ အစိမ်းရောင် မိမိတို့ပါတီဝင်များကို ပဲ့မထွက် သွားအောင် စည်းရုံးရန်လိုကြောင်း၊ ကြားနေအ၀ါရောင်များကို မိမိတို့ပြည်ခိုင်ဖြိုးပါတီကို ယုံကြည်သက်ဝင်လာအောင် စည်းရုံးသွားရန် လိုအပ်ကြောင်း၊ အနီရောင်ဖြစ်သည့်ပါတီများကို မိတ်ဆွေဖြစ်အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပါတီဌာနချုပ်နှင့် ပါတီအကြီးအကဲများက ယခုတက်ရောက်လာကြ သည့် ပြည်နယ်/ခရိုင်နှင့် မြို့နယ် ပါတီကော်မတီဝင်များအား တစ်ဦးချင်းစီကို ယုံကြည် ပါကြောင်း၊ အားကိုးပါကြောင်း အစွမ်းအစများကို ပြသကြမည်ဟုလည်း ယုံကြည်ပါကြောင်း၊ အောင်မြင် အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း" တို့ကို တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်မှ လမ်းညွှန်မှာကြားခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဦးဆောင်သွားရောက် ဆွေးနွေး ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသိန်းဇော်မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ အောက်တိုဘာလ (၂၃) ရက်နေ့ (၁၂၃၀) နာရီချိန်က ပြည်နယ်/ခရိုင်နှင့်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း လမ်းညွှန်မှာကြား ခဲ့ခြင်းဖြစ်သည်။
ခေတ်သစ်

No comments:

Post a Comment

back to top