Monday, October 27, 2014

တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဦး ဒေသဖွံ့ဖြိုးရေးအတွက် လှူဒါန်း ဖြည့်ဆည်းပေး
****************************************************
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာအုပ်စု အေးချမ်းသာ စံပြကျေးရွာ ရှင်းလင်းဆောင်၌ အောက်တိုဘာ ၂၅ ရက် နံနက် ၁၁ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်ရွှေ တို့ တက်ရောက် အားပေးခဲ့ကြသည်။
  မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်ရွှေ တို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေးစဉ်

ထိုတွေ့ဆုံပွဲအခမ်းအနားတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် က အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ဆက်လက်၍ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဦးက ဒေသဖွံ့ဖြိုးရေးတင်ပြချက်များကို ဖြည့်ဆည်းလှူဒါန်း ခဲ့သည်။
အခမ်းအနားတွင် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဦးက အေးချမ်းသာ စံပြကျေးရွာ ပြည်သူများ သောက်ရေ၊ သုံးရေအတွက် ကျပ်သိန်း ၅၀၊ ဘုန်းတော်ကြီးကျောင်းအတွက် ဘိလပ်မြေအိတ် ၂၀၀၊ သွပ်အချပ် ၂၀၀ အတွက် ငွေကျပ်သန်း ၂၀၊ အမက(စံပြ) လျှပ်စစ်မီးလင်းရေး အတွက် ငွေကျပ် ခုနှစ်သိန်း၊ သီတာအေးဘုန်းတော်ကြီးကျောင်း ဆင်းတုတော်ပူဇော်ရန်အတွက် ငွေ ကျပ် ၁၀ သိန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အတွက် ကျပ် ၂၇၅၀၀ စုစုပေါင်း ငွေကျပ် ၈၈၇၅၀၀၀ ကို ဖြည့်ဆည်းလှူဒါန်းခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top