Monday, October 27, 2014

ပြည်သူ့ပါတီဖြစ်ရန် ပါတီဝင်များ ပါတီစိတ်ဓာတ်ကောင်းရှိရန် လိုအပ်ကြောင်း ဗဟိုအလုပ် အမှုဆောင် ဦးဇော်မြင့်ဖေ လမ်းညွှန်မှာကြား
****************************************
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေးသင်တန်း (၂/၂၀၁၄) ဖွင့်ပွဲ အခမ်းအနားကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌​အောက်တိုဘာလ ၂၅ ရက် နံနက် ၈ နာရီခွဲအချိန်က ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဇော်မြင့်ဖေ တက်ရောက် အားပေးခဲ့သည်။
ချမ်းမြသာစည်မြို့နယ် ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေးသင်တန်းဖွင့်ပွဲ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးစဉ်

တိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဇော်မြင့်ဖေနှင့်အတူ လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ မြို့နယ်အတွင်းရေးမှူးနှင့် ကော် မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများနှင့် သင်တန်းသား သင်တန်းသူ စုစုပေါင်း အင်အား ၈၀ ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဇော်မြင့်ဖေ က ပြည်ခိုင်ဖြိုးပါတီသွားရမည့် လမ်းကြောင်းမှာ အရှည်ကြီး ဖြစ်ကြောင်း၊ ပါတီဝင်များမှာ အတွေးအခေါ် အယူအဆ တူညီရမည်ဖြစ်ကြောင်း၊ ပါတီဝင်အင်အား တောင့်တင်းခိုင်မာရန် အဓိက ကျကြောင်း၊ မိမိတို့ပါတီသည် အမြူတေပါတီမှ ယနေ့ ဒီမိုကရေစီလမ်းစဉ် နှင့် ပြည်သူ့ပါတီသို့သွားနေကြောင်း၊ ပြည်သူ့ပါတီဖြစ်ရန် ပါတီဝင်များ ပါတီ စိတ်ဓာတ်ကောင်းရှိရန် လိုအပ်ကြောင်း၊ ပါတီဝင်များအချင်းချင်း အပြန်အလှန် ဆွေးနွေးရမည်ဖြစ်ကြောင်း၊ မိမိတို့ပါတီသည် သင်တန်းမျိုးစုံ ဖွင့်ပေးလျက်ရှိကြောင်း၊ ထိုသင်တန်းများအပေါ် လက်တွေ့အသုံးချနိုင်ရန် လိုအပ် ကြောင်း၊ အတွေးအခေါ် အယူအဆများလည်း ပြောင်းလဲရန်လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြား ခဲ့သည်။
ချမ်းမြသာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေးသင်တန်း (၂/၂၀၁၄)၌ လူထုနှင့် စကားပြောနည်းများ၊ လူမှုကွန်ရက်လှုပ်ရှားမှုများ၊ Campaign Management၊ မဟာဗျူဟာနှင့် Door to Door အစရှိသည်များကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top