အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းမှ အောက်တိုဘာ ၈ ရက် နှင့် ၂၆ ရက်တွင် ခရီးစဉ် သစ် နှစ်ခု စတင် ပျံသန်းမည်
အပြည်ပြည် ဆိုင်ရာ မြန်မာ လေကြောင်း MAIသည် ရန်ကုန်မြို့မှ ဗန်ကောက်၊ စင်ကာပူ၊ ကွာလာ လမ်ပူ၊ ကွမ်ကျိုးနှင့် ဂါယာမြို့များသို့ Air Bus A320(လူဦးရေ ၁၈ဝ ဆံ့)၊ Air Bus A319 (လူဦးရေ ၁၂ဝ ဆံ့) လေယာဉ်များဖြင့် ပုံမှန်ပျံသန်း ပေးလျက်ရှိသည်။
ယခု အောက်တိုဘာ ၈ရက်မှစ၍ ဂျပန်နိုင်ငံ၊၂၆ရက်မှစ၍ ကိုရီးယား နိုင်ငံသို့ လေကြောင်း ခရီးစဉ် သစ် စတင်ပျံသန်းမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း MAIမှ ဈေးကွက်နှင့် လူမှုဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမရ သာ ထံမှ သိရသည်။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAIသည် ယခုလာမည့် ပွင့်လင်း ရာသီတွင် ပုံမှန် (Schedule Flight)ခရီးစဉ်များ စတင် ပျံသန်းပြေးဆွဲ သွားတော့ မည်ဖြစ်ကြောင်း၊ ယင်းသို့ ပျံသန်း ပြေးဆွဲရာတွင် ရန်ကုန်မှ ကိုရီးယား တိုက်ရိုက် ခရီးစဉ်များကို အောက်တို ဘာ ၂၆ရက်နေ့မှ စတင်ပြီး တစ်ပတ်လျှင် ၅ ကြိမ် ပျံသန်း ပြေးဆွဲ သွားမည်ဖြစ်ပြီး ဂျပန်သို့ တိုက်ရိုက် ခရီးစဉ်များကို အောက်တိုဘာလ ၈ရက်နေ့မှ စတင်ပြီး တစ်ပတ်လျှင် ၃ကြိမ် ပျံသန်းပြေးဆွဲ သွားမည်ဖြစ်သည်။
''ဒီ ကိုရီးယား၊ ဂျပန်ခရီးစဉ်က မနှစ်က စပြီး စင်းလုံးငှား အနေနဲ့ ပြေးဆွဲခဲ့တာပါ။ အခု ဒီနှစ် အောက်တိုဘာ ၂၆ ရက် စပြီးတော့ စင်းလုံး ငှားအပြင် ပုံမှန် ခရီးစဉ်ကို ပြေးဆွဲသွားမှာပါ။ အောက်တို ဘာ ၈ ရက်နေ့မှာ ဂျပန်ကိုပြေးဆွဲသွားမှာပါ။ တစ်ပတ်ကို သုံးကြိမ်တော့ ပုံမှန်ပျံ သန်း သွားမှာပါ။ ဘယ်ရက် တွေဆိုတာတော့ မသိ သေးပါဘူး''ဟု ဒေါ်အေး မရသာက ပြောသည်။
အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း MAI သည် ၁၉၉၃ ခုနှစ်မှ စတင်ကာ ပြည်ပ ခရီးစဉ်များ အား ပျံသန်း ပေးလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment