Friday, October 31, 2014

လက်ရှိချန်ပီယံ မန်စီးတီးပြိုင်ပွဲမှ ထွက်ခဲ့ရ

လန်ဒန်− ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် ကစားခဲ့သော လိဂ်ဖလားခေါ် ကက်ပီတယ်ဝမ်းဖလားပွဲ ၁၆ သင်းအဆင့်ပွဲများ၌ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးမှာ နယူးကာဆယ်ကို ၂-၀ ဂိုးဖြင့်ရှုံးကာ ထွက်သွားခဲ့ရပြီး စပါးမှာမူ ပထမတန်းအသင်း ဘရိက်တန်ကို အနိုင်ရကာ ကွာတားသို့ တက်ရောက်နိုင်ခဲ့သလို ပရီးမီးယားလိဂ် ဒုတိယနေရာ ရောက်နေသော ဆောက်သမ်တန်မှာလည်း စတုတ်ကို နောက်ဆုံးမိနစ်တွင် အနိုင်ဂိုးရကာ ၃-၂ ဂိုးဖြင့်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ် တက်ရောက်ခဲ့ သည်။

မန်စီးတီးမှာ အိမ်ကွင်းတွင် ဒီဇီကို၊ ဂျိုဗက်တစ်တိုက်စစ်အတွဲ၊ ဆေးလ်ဗား၊ တိုရေး၊ ဖာနန်ဒင်ဟို၊ မီလ်နာတို့ အလယ်တန်းဖြင့် ပွဲထွက်ခဲ့ကာ ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ဖိကစားနိုင်သော်လည်း ရှုံးခဲ့ရခြင်း ဖြစ်သည်။ နယူးကာဆယ်အတွက် ဆယ်ကျော်သက် တိုက်စစ်မှူး ရိုလန်ဒိုအာရွန်က ၆ မိနစ်တွင် အဖွင့်ဂိုး သွင်းယူခဲ့ပြီး ဦးဆောင်ခဲ့ကာ လူစားဝင်လာသူ ဆစ်ဆိုကိုက အမီယိုဘီ၏ ဖန်တီးမှုမှတစ်ဆင့် ၇၅ မိနစ်တွင် ဒုတိယဂိုး သွင်းခဲ့ခြင်း ဖြစ်သည်။
စပါးမှာ ချန်ပီယံရှစ်အသင်း ဘရိုက်တန်ကို ဖိကစားနိုင်ခဲ့သော်လည်း ဂိုးများကို ဒုတိယပိုင်း ၅၄ မိနစ်တွင်မှ လမ်မယ်လာက တစ်ဂိုးနှင့် ၇၄ မိနစ်တွင် ဟယ်ရီကိန်းတို့က ဒုတိယဂိုးများ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆောက်သမ်တန်မှာ အဝေးကွင်းတွင် ဦးဆောင်ဂိုး နှစ်ဂိုးဖြင့် ပွဲကိုထိန်းနိုင်ခဲ့သော်လည်း ချေပဂိုး နှစ်ဂိုး ပြန်ပေးခဲ့ရ၍ နှစ်ဂိုးစီ သရေကျနေကာ ပွဲပြီးခါနီး ၈၈ မိနစ်တွင် တိုက်စစ်မှူး ပယ်လီက ဂိုးထပ်သွင်းပြီး ၃-၂ ဂိုးဖြင့် နိုင်ခဲ့ခြင်း ဖြစ်သည်။ ကက်ပီတယ်ဝမ်း ကွာတားဖိုင်နယ်ပွဲများကို လာမည့် ဒီဇင်ဘာ ၁၇ ရက်တွင် ကစားရမည် ဖြစ်သည်။
ကွာတားဖိုင်နယ်ပွဲစဉ်များ
ဒါဘီကောင်တီ-ချယ်လ်ဆီး၊ ဘွန်းမောက်-လီဗာပူး၊ ရှက်ဖီး-ဆောက်သမ်တန်၊ စပါး-နယူးကာဆယ်။

No comments:

Post a Comment

back to top