ဟောလိဝုဒ်ဇာတ်ကားမှာ ဂျက်ကီချန်းနဲ့ ပူးတွဲသရုပ်ဆောင်မယ့် ယွန်းဂျောင်ဟွန်း
တောင်ကိုရီးယား သရုပ် ဆောင်မင်းသား ယွန်းဂျောင်ဟွန်း သည် Skiptrace အမည်ရ ဟော လိဝုဒ် ရုပ်ရှင်ဇာတ်ကားတွင် ဟောင်ကောင် သရုပ်ဆောင် မင်း သားကြီး ဂျက်ကီချန်းနှင့်အတူ ပူးတွဲသရုပ်ဆောင်မည်ဟု ယွန်း ဂျောင်ဟွန်း၏ အေဂျင်စီကပြော သည်။ Skiptrace ဇာတ်ကားတွင် ဂျက်ကီချန်း၊ တရုတ်သရုပ်ဆောင် မင်းသမီးဖန်ဘင်းဘင်း၊ အမေရိ ကန်သရုပ်ဆောင်မင်းသား ဂျွန်နီ နော့စ်ဗေးလ်တို့လည်း ပါဝင် သ ရုပ်ဆောင်မည်ဖြစ်သည်။
ယင်းဇာတ်ကားကို Die Hard 2 နှင့် Cliffhanger ဇာတ် ကားများ ရိုက်ကူးခဲ့သည့် ဒါရိုက် တာ ရန်နီဟာလင်းက စီစဉ်ရိုက် ကူးပေးမည်ဖြစ်သည်။ Skiptrace အက်ရှင်ဇာတ် ကားသည် နာမည်ကျော် ရာဇ၀တ် ကောင်တစ်ဦးကို ခြေရာခံနေ သည့် ဟောင်ကောင်စုံထောက် တစ်ဦးအကြောင်း ဖြစ်သည်။ ယင်းဇာတ်ကားတွင် ကေဒ ရာမာစတား ယွန်းဂျောင်ဟွန်းက နာမည်ကျော် ရာဇ၀တ်ကောင်၏ ညာလက်ရုံး ၀ီလီအဖြစ် သရုပ် ဆောင်မည်ဖြစ်သည်။ ယွန်းဂျောင်ဟွန်းသည် Skiptrace ရိုက်ကူးရေးအတွက် အောက်တိုဘာ ၉ ရက်တွင် တ ရုတ်နိုင်ငံ၊ဘေဂျင်းမြို့သို့ ထွက်ခွာ သွားခဲ့သည်ဟု ၎င်း၏ အေဂျင်စီ က ပြောသည်။

No comments:
Post a Comment