Wednesday, October 29, 2014

ရင်ခုန်သံမြန်နေတဲ့ ခိုင်သဇင်ယုဝ


နာမည်ကျော်မင်းသား၊ ဒါရိုက်တာများက မင်းသမီးအဖြစ် စင် တင်ပေးမည့် အနုပညာပျိုးခင်း နောက်ဆုံးအဆင့် လူရွေးချယ် မည့် ရက်နီးလာသည်နှင့်အမျှ ရင်ခုန်မြန်လာကြောင်း ယင်းအစီအ စဉ်၏ ဆန်ခါတင်ငါးဦးစာရင်း တွင် ရွေးချယ်ခံထားရသည့် ခိုင် သဇင်ယုဝါက ပြောသည်။
‘‘နောက်ဆုံးဖိုင်နယ်အတွက် ရွေးဖို့လည်း နီးလာပြီ။ သုံးယောက်ပဲရွေးတော့မှာဆိုတော့ အဲဒီအချိန် နီးလာလေ ပိုပြီး ရင်ခုန်လာလေပါ ပဲ’’ဟု ၎င်းက ပြောသည်။
ထို့ပြင်   ဆန်ခါတင်ငါးဦး တွင် ပါဝင်သူအများစုမှာ သရုပ် ဆောင်အလုပ်နှင့် ရင်းနှီးပြီးသား သူများဖြစ်ပြီး ၎င်းကိုယ်တိုင်မှာမူ သရုပ်ဆောင်အနေဖြင့် အသစ် တစ်ယောက်လိုဖြစ်နေသော ကြောင့် ကြောက်စိတ်လည်းဖြစ်မိ ကြောင်း မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နေသည့် သူမက ဆို သည်။
‘‘သရုပ်ဆောင်အလုပ်ကို ၀ါ သနာပိုပါလာတယ်။ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ချင်လာ တယ်။ နောက်ပြီး ပရိသတ်တွေ ကိုလည်း ညီမဘယ်လောက်လုပ် နိုင်တယ်ဆိုတာကို ကြိုးစားပြချင် တယ်’’ဟု အဆိုပါအစီအစဉ်တွင် လျှောက်ထားဖြစ်ခဲ့သည့် အ ကြောင်းကို ပြောပြသည်။
အနုပညာပျိုးခင်း    ဆန်ခါ တင် ငါးဦးကို အောက်တိုဘာ ၇ ရက်က ရွေးချယ်ခဲ့ပြီး ပိုင်ဖြိုးသု၊ ရွှေသမီး၊ ရတနာဗို၊ သံသာမိုးသိမ့် နှင့် ခိုင်သဇင်ယုဝါတို့ ရွေးချယ်ခံခဲ့ ရသည်။

နောက်ဆုံးအဆင့်ရွေးချယ် မှုကို နိုဝင်ဘာ ၁၁ ရက်တွင် ပြု လုပ်မည်ဖြစ်ပြီး     ဆန်ခါတင်ငါး ဦးမှ သုံးဦးရွေးချယ်မည် ဖြစ်သည်။

No comments:

Post a Comment

back to top