အာဇာနည်နေ့ အခမ်းအနားသို့ တရုတ် ခေါင်းဆောင်များ တက်ရောက်ဂုဏ်ပြု
တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ Tiananmen (တိန်အန်မင်)ရင်ပြင်မှာ စက်တင်ဘာလ (၃၀) ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်တဲ့ ပထမဆုံး အာဇာနည်နေ့ အခမ်းအနားကို တရုတ်ထိပ်တန်း ခေါင်းဆောင်တွေ တက်ရောက် ခဲ့ကြသည်။ တရုတ်သမ္မတ ရှီကျင်းပင် အပါအ၀င် ခေါင်းဆောင်တွေက နယ်ပယ် အသီးသီးက ကိုယ်စား လှယ်ပေါင်း (၃၀၀၀) နဲ့အတူ တိန်အန်မင်ရင်ပြင်ရှိ ပြည်သူ့ အာဇာ နည်တွေအတွက် ထားရှိတဲ့ အထိမ်းအမှတ် မော်ကွန်းတိုင်ရှေ့မှာ ပန်းခြင်းတွေကို ချထားခဲ့ကြသည်။ ဒီအခမ်းအနားကို တရုတ် ကွန်မြူနစ် ပါတီရဲ့ ဗဟိုကော်မတီရှိ နိုင်ငံရေးဌာန အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပေကျင်းရဲ့ ပါတီအကြီးအကဲဖြစ်သူ Guo Jinlong (ကူဝေါ် ကျင်လုံ)က ဦးဆောင်ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံလွတ်လပ်ရေးနဲ့ စည်ပင်ဝပြောရေး အတွက် တိုက်ပွဲမှာ အသက်ကို စတေးခဲ့ကြရသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ တရုတ အမျိုး သားနေ့ မရောက်ခင် တစ်ရက်အလိုဖြစ်တဲ့ စက်တင်ဘာလ (၃၀) ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ထားရှိဖို့ တရုတ်နိုင်ငံရဲ့ ထိပ်တန်းဥပဒေပြုအဖွဲ့က သြဂုတ်လမှာ သဘောတူ လက်ခံခဲ့တာ ဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြ ထားသည်။
No comments:
Post a Comment