အားပြင်းဆိုင်ကလုန်းမုန်တိုင်း အိန္ဒိကမ်းခြေသို့ စတင်ဝင်ရောက်
ဘင်္ဂလားပင်လယ်အော်တွင် အခြေပြု တိုက်ခတ်လာသော အားပြင်းဆိုင်ကလုန်းမုန်တိုင်းဟဒ်ဟဒ်သည် အိန္ဒိယနိုင်ငံ အရှေ့ တောင်ပိုင်း ကမ်းခြေသို့ ယနေ့စတင်ဝင်ရောက်ခဲ့သည်။ မုန်တိုင်းကြိုတင် သတိပေျးက်ကြောင့် အဆိုပါ ကမ်းခြေရှိ ဒေသခံ ၁၅၀၀၀၀ ခန့်မှာ ကြိုတင်ရွှေ့ပြောင်းခဲ့ရပြီး အာဏာပိုင်များက ဒုက္ခသည် စခန်း ရာပေါင်းများစွာကို ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသည် အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းရှိ အော်ရစ်ဆာပြည်နယ်နှင့် အန်ဒရာပြည်နယ် များသို့ ၀င်ရောက် ဖွယ်ရှိကြောင်း အိန္ဒိယမိုးလေ၀သ ခန့်မှန်းရေးဌာန (IMD) က ခန့်မှန်းထားသည်။ အဆိုပါ မုန်တိုင်း သည် တစ်နာရီလျှင် မိုင် ၁၂၀ ခန့်ထိ တိုက်ခတ်နိုင်ကြောင်း IMD က ခန့်မှန်းထားသည်။
အော်ရစ်ဆာပြည်နယ် အာဏာပိုင်များသည် ထပ်တိုးရွှေ့ပြောင်းသူ သုံးသန်းခန့်ကို ဘေးလွတ်ရာနေရာ များသို့ ရွှေ့ပြောင်းပေးရန် ကြိုးစား နေကြောင်း သိရသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ယမန်နေ့ကတည်းက အိန္ဒိကမ်းခြေကို လှိုင်းကြီးစေခဲ့ပြီး အိန္ဒိယ ရေတပ်အနေဖြင့် ကူညီရန် အသင့်အနေအထား ပြင်ဆင်ထားကြောင်း သိရသည်။ ထို့အပြင် အိန္ဒိအစိုးရသည် သဘာဝ ဘေးအန္တရာယ် ကူညီရေး အဖွဲ့များကို အဆိုပါ ပြည်နယ်နှစ်ခုသို့ စေလွှတ်ထားကြောင်း သိရသည်။
No comments:
Post a Comment