Monday, October 27, 2014

ကိုယ့်မြို့ ကိုယ့်ရွာ သန့်ရှင်းရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေး
**************************************************
ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ၊ တာချီလိတ်မြို့ ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ ဦးမောင်လေး (အဆွေတော်မိသားစု) တို့မှ ဦးဆောင်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ကော်မတီဝင် ဦးလွန်းသူ၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း တို့ ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီ အင်အား (၆၀)ဦး၊ လူမှုကူညီရေးအသင်း (ရွှေတာချီ ခရီးသွား လုပ်ငန်း) ကော်မတီဝင်များဖြစ်သည့် ဦးကျော်မြင့်၊ ဦးကျော်သန်း၊ ဦးသောင်းထိန်စိုး တို့ ဦးဆောင်သည့် အင်အား (၂၀)ဦး၊ မေတ္တာရှင် (သာရေး/နာရေး) ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးဘိုစံ ဦးဆောင်သည့် အင်အား (၂၀)ဦး၊ ခရိုင်ဦးစီးမှူး (ဒုတိယတန်း) ခရိုင်ကြက်ခြေနီ ဦးဘမိုးမြင့် ဦးဆောင်သည့် အင်အား (၂၀)ဦး၊ စည်ပင် သာယာရေးလုပ်သား (၂၀)ဦး၊ မကာဟိုခမ်းရပ်ကွက် ပြည်သူ့စစ်၊ အရန်မီးသတ်(၁၀) ဦး၊ စုစုပေါင်း အင်အား (၁၅၀)ကျော်တို့သည် တာချီလိတ်မြို့ ရွှေတိဂုံစေတီ ဘက်စုံသန့်ရှင်းရေးများ၊ ရွှေတိဂုံစေတီမှ မြို့လယ် ဓမ္မာရုံလမ်းတစ်လျှောက်ရှိ အမှိုက်များရှင်းလင်းခြင်း နှင့် မြို့လယ်ဓမ္မာရုံ ဘက်စုံသန့်ရှင်းရေး များကို အောက်တိုဘာ (၂၅) ရက် နံနက်(၀၆း၃၀)မှ(၀၈း၃၀) အထိ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
  
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြစဉ်

တာချီလိတ်မြို့တွင် ကိုယ့်မြို့ကိုယ့်ရွာ သန့်ရှင်းဖို့ စုပေါင်းအမှိုက်ကောက်ကြစို့ ဆိုသည့် ဆောင်ပုဒ်အရ အပတ်စဉ် စနေနေ့တိုင်း စုပေါင်း အမှိုက်ကောက်ခြင်း ဆောင်ရွက်ခဲ့သည်မှာ ယခုအကြိမ်နှင့် ဆိုလျှင် (၆) ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top