Monday, October 27, 2014

ရှုံးပွဲမရှိ၊ ပေးဂိုးမရှိ ပျက်ပြယ်သွားသည့် ဘာစီလိုနာ


မက် ဒရစ်အိမ်ကွင်း၌ ကစားခဲ့သည့် ရီးရဲလ်-ဘာစီလိုနာ ထိပ်တိုက် တွေ့ဆုံသည့်ပွဲ၌ ဧည့်သည် ဘာကာက အဖွင့်ဂိုးဖြင့် ဦးဆောင် ခဲ့သော်လည်း ရီးရဲလ်က ပွဲအ ပြီးတွင် ၃-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ သည်။ ဘာစီလိုနာနှင့်ပွဲတွင် တိုက်စစ်မှူးသစ် ဆွာရက်ဇ်မှာ ပထမဆုံးအကြိမ် ဝင်ရောက်ကစားခဲ့ပြီး ခြေစွမ်းပိုင်းနှင့် အခြားသူများနှင့် အချိတ်အဆက်မိမိ ကစားနိုင်စွမ်း ရှိခဲ့သည်။ ဆွာရက်ဇ်မှာ အဖွင့် ၄ မိနစ် တွင် နေမာအတွက် ဂိုးကို ဖန်တီး ပေးခဲ့သော်လည်း ဘာကာအတွက် ပထမဆုံးပွဲတွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
‘‘ကျွန်တော်ပြန်ကစားရလို့
အရမ်းပျော်ပါတယ်။ ခံစားမှုကတော့ ချိုတာရော ခါးတာပါရော ထွေးခဲ့ရပါတယ်။ ရလဒ်ပိုင်း ကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းဟာ အဲဒီမတိုင်ခင်ကပဲ အကြိမ်ပေါင်းများစွာ တိုးတက်ခဲ့ပြီး ဖြစ်ပါတယ်’’ ဟု ဆွာရက်ဇ်က ပြောသည်။ ဘာကာနည်းပြ လူးဝစ်အင်း နရစ်ကမူ ဆွာရက်ဇ်ကို ထည့်ကစားခဲ့သည့် အတွက် နောင်တမရကြောင်းနှင့် ထိုဥရုဂွေး တိုက်စစ်မှူး သည် မျှော်လင့်ထားသည်ထက် ပိုကောင်းအောင် အချိတ်အဆက်မိမိ ကစားနိုင်ခဲ့ကြောင်း သုံးသပ်ပြောသည်။
ရီးရဲလ်နည်းပြ အန်ဆယ်လော့တီကမူ ၎င်း၏အသင်းမှာ အဖွင့်ဂိုး ပေးလိုက်ရသော်လည်း  တန်ပြန်တိုက်စစ်များ ဆင်နိုင်ခဲ့ပြီး အနိုင်ဂိုးများ ရခဲ့ခြင်းအပေါ် ကျေနပ်ကြောင်းဆိုသည်။ ‘‘အသင်းဟာ ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ် ကစားခဲ့ပြီးနောက် နှစ်ရက်အတွင်းမှာပဲ ကောင်းကောင်း အနားပြန်ရပြီး ကစားပုံ ကောင်းခဲ့ပါတယ်’’ ဟု ၎င်းက ဆို သည်။ ယခုပွဲတွင် ဆွာရက်ဇ်၏ ဖြတ်တင်ပေးပို့မှုကို နေမာက ၁၁ ဂိုးမြောက်အဖြစ် သွင်းယူခဲ့ခြင်း ဖြစ်သည်။ 
ထို့နောက် ရော်နယ်ဒိုက ပီကေး လက်ထိဘောမှတစ်ဆင့်ရသည့် ပင်နယ်တီကို ၃၄ မိနစ်တွင် ချေပဂိုး သွင်းခဲ့ပြီး ပထမပိုင်း ပြီးခဲ့သည်။ ဒုတိယပိုင်းတွင် ရီးရဲလ်အတွက် ဒုတိယဂိုးကို ပီပီက ထောင့်ကန်ဘောမှ ၅၀ မိနစ်တွင် လည်းကောင်း၊ ၆၁ မိနစ်တွင် တန်ပြန်တိုက်စစ်မှ အစ္စကိုမှ ရိုဒရီဂွက်ဇ်ထံပေးရာမှ ဘန်ဇီးမားထံ ထပ်ပေးခဲ့ရာ ပြင်သစ်တိုက်စစ်မှူးက အပိုင်ကန်သွင်းပြီး တတိယဂိုး ရခဲ့ခြင်းဖြစ်သည်။
ရီးရဲလ်သည် ယခုပွဲအနိုင်ကြောင့် အက်သလက်တီကိုနှင့် မက်ဒရစ်ဒါဘီတွင် ရှုံးနိမ့်ပြီး နောက်ပိုင်း ကိုးပွဲဆက်တိုက် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

back to top