ဂျပန် ကမ်းလွန် ပင်လယ် ပြင်တွင် တရုတ် သင်္ဘော တစ်စင်း နစ်မြုပ် ကိုးဦး ပျောက်ဆုံး လျက်ရှိ

ဂျပန်ကမ်းလွန် ပင်လယ်ပြင်တွင် တရုတ်သင်္ဘောတစ်စင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ သင်္ဘောပေါ်တွင် လိုက်ပါ လာသော အမှုထမ်း ငါးဦးကို ကယ်တင်နိုင်ခဲ့ပြီး အခြားကိုးဦးမှာ ပျောက်ဆုံး လျက်ရှိ ကြောင်း ဂျပန် သတင်းဌာနက အောက်တိုဘာ ၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
အဆိုပါသင်္ဘော နစ်မြုပ်မှုသည် ဟွန်းရှူးကျွန်း အနောက်တောင်ဘက်ရှိ ရှီမာနီစီရင်စုတွင် စက်တင်ဘာ ၃ဝ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ကျိုဒိုသတင်း ဌာနက ဖော်ပြခဲ့သည်။
ဂျပန်ကမ်းခြေစောင့် တပ်ဖွဲသည် တရုတ်ကယ်ဆယ်ရေးနှင့် ရှာဖွေရေးအေဂျင်စီ၏ တောင်းဆိုချက်အရ အခင်းဖြစ်ပွားရာ နေရာတွင် ကင်းလှည့်ယာဉ် တစ်စင်းကို တပ်ဖြန့်ချထားခဲ့ကြောင်း ကျိုဒိုသတင်းဌာန၏ ပြောကြားချက်အရ သိရသည်။
No comments:
Post a Comment