နှစ်နိုင်ငံ အကြား တင်းမာ မှုများကို လျှော့ချရန် တရုတ် နိုင်ငံခြားရေး ဝန်ကြီးက ဂျပန် နိုင်ငံကို တောင်းဆို
တရုတ်နှင့် ဂျပန်နှစ်နိုင်ငံအကြား ဖြစ်ပွားလျက်ရှိသော
နိုင်ငံရေးဆိုင်ရာ တင်းမာမှုများကို လျှော့ချရန်ဂျပန်
နိုင်ငံခြားရေး ဝန်ကြီးအား တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက မြန်မာနိုင်ငံ၌
ကျင်းပခဲ့သော(၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ
အစည်းအဝေး၏ သီးခြားတွေ့ဆုံပွဲ၌ တောင်းဆိုခဲ့ သည်ဟု သိရသည်။ ဝမ်ယီ
သည် သြဂုတ် ၈ ရက်က မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပခဲ့သော အာဆီ ယံဒေသတွင်း အစည်းအဝေး၏
သီးခြား တွေ့ဆုံပွဲတစ်ခုတွင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဖူမီအိုခီရှီဒါနှင့်
တွေ့ဆုံခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ www. fmprc.gov.cn
ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
သို့သော်
ဆွေးနွေးခဲ့သည့် အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။ ပြီးခဲ့သည့်
လများအတွင်းက ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား တင်းမာမှုများ သည်
ပိုမိုမြင့်တက်လာခဲ့ကြောင်း၊ အရှေ့တရုတ် ပင်လယ်အတွင်းရှိ
ပိုင်နက်အငြင်းပွားမှုနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံစလုံးမှ လေယာဉ်များက
အငြင်းပွား ရေပိုင်နက် အနီးသို့ ဝင်ရောက်ပျံသန်းခဲ့ပြီး တစ်ဖက်နှင့်တစ်ဖက်
စွပ်စွဲ ပြောကြားခဲ့သည်ဟု သိရသည်။
No comments:
Post a Comment