Tuesday, August 12, 2014

အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံ စပိန် ဘုန်းတော် ကြီးအား စမ်းသပ် ဆေးဝါး တစ်မျိုးဖြင့် ကုသမည်

အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည့် စပိန်ဘုန်းတော်ကြီး တစ်ပါးကို စမ်းသပ်ဆေးဝါး တစ်မျိုးဖြင့် ကုသရန် ပြင်ဆင်လျက်ရှိကြောင်း စပိန်ကျန်းမာရေး ဝန်ကြီးဌာန မှ သြဂုတ် ၁ဝ ရက်က ထုတ်ပြန် ပြောကြားသည်
ZMapp အမည်ရှိ အဆိုပါ ဆေးဝါးသစ်ကို အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံ အမေရိကန်နိုင်ငံသား နှစ်ဦးအပေါ် စမ်းသပ် ကုသခဲ့ပြီး ဖြစ်ကြောင်း၊ ZMapp ဆေးဝါးသည် စပိန်ဘုန်းတော်ကြီး မီဂူးလ်ပါဂျဲ တက်ရောက်ကုသနေသည့် မက်ဒရစ်မြို့ရှိ လာပါက်ဇ်ကားလို့စ် III ဆေးရုံသို့ သြဂုတ် ၉ ရက်တွင် ရောက်ရှိခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ထုတ်ပြန် ပြောကြားသည်။
အသက် ၇၅ နှစ်အရွယ်ရှိ ဘုန်းတော်ကြီး မီဂူးလ်ပါဂျဲသည် ၎င်းသာသနာပြုနေသည့် လိုက်ဘေးရီးယားနိုင်ငံ မွန်ဂိုးဗီးယားမြို့ရှိ ဆေးရုံတစ်ရုံတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရမှုဖြင့် ဆေးကုသမှု ခံယူသည့် လူနာသုံးဦးအနက် တစ်ဦးဖြစ်ပြီး ဆေးကုသ မှုခံယူရန်အတွက် သြဂုတ် ၇ ရက်တွင် ၎င်း၏ မိခင်နိုင်ငံဖြစ်သည့် စပိန်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

လိုက်ဘေးရီးယား နိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ အမေရိကန်နိုင်ငံသား နှစ်ဦးကို ZMapp ဆေးဝါးဖြင့် စမ်းသပ်ကုသမှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့၏ အခြေ အနေမှာ တိုးတက်ကောင်းမွန် လာခဲ့ကြောင်း၊ သို့ရာတွင် ZMapp ဆေးဝါး၏ အကျိုးထိရောက်မှုနှင့် ပတ်သက်၍ ပြောကြားရန်မှာမူ   အချိန် စောလွန်းနေသေးကြောင်း  လိုက်ဘေးရီးယား ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိများက ပြောကြားသည်။ Zmapp ဆေးဝါးကို အမေရိကန် ဆေးကုမ္ပဏီ တစ်ခုဖြစ်သော Mapp ကုမ္ပဏီက ထုတ် လုပ်ခဲ့ခြင်းဖြစ်ပြီး ဆေး၏ အကျိုးအာနိသင်နှင့် ပတ်သက်၍ မျောက်များတွင် စမ်းသပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ Zmapp ဆေးဝါးကို အီဘိုလာဗိုင်းရပ်စ် ကာကွယ် ဆေးအဖြစ် ဆေးရုံဆေးခန်း များတွင် မကြာမီ အသုံးပြုသွားမည် ဖြစ်ပြီး ၎င်းဆေးသည် ၂ဝ၁၅ အစောပိုင်းတွင် တရားဝင် အသုံးပြုခွင့် ရရှိလာမည် ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ပြောကြားသည်။

No comments:

Post a Comment

back to top