Tuesday, August 12, 2014

ယူတာတိုး စက်ဘီးစီး ပြိုင်ပွဲမှာ ဒယ်နီယယ်ဆင် အနိုင်ရ ဗိုလ်စွဲ 


သြဂုတ်(၄)ရက်ကနေ (၁၀)ရက်အထိ အဆင့်(၇)ဆင့် ပြိုင်ရတဲ့ ယူတာတိုး စက်ဘီးစီးပြိုင်ပွဲဟာ အမေရိကန် ပြည်ထောင်စု ယူတာပြည်နယ် ပါ့ခ်စီးတီးမှာ တနင်္ဂနွေနေ့က ပြီးဆုံးသွားပါတယ်။ ပြိုင်ပွဲတစ်ရပ်လုံးရဲ့ ချန်ပီယံဆုကို တွမ်ဒယ်နီယယ်ဆင်က (၂)နှစ်ဆက် ရရှိသွားပါတယ်။ 
အမေရိကန်နိုင်ငံသား ဒယ်နီယယ်ဆင်ရဲ့ စံချိန်က (၃၀)နာရီ(၁၈)မိနစ်(၀၄)စက္ကန့်ဖြစ်ပြီး အမေရိကန် နိုင်ငံသားပဲဖြစ်တဲ့ ခရစ်တိုဖာဟော်နာက (၅၂)စက္ကန့်အကွာနဲ့ ဒုတိယ၊ ကိုလံဘီယာနိုင်ငံသား ဂိုမက်က(၁)မိနစ်(၄၃)စက္ကန့်အကွာနဲ့ တတိယ ရပါတယ်။ ပါ့ခ်စီးတီးအထိ (၁၂၅ဒသမ၅)ကီလိုမီတာ ခရီးကို ပြိုင်ရတဲ့ နောက်ဆုံး အဆင့်(၇)မှာတော့ သြစတြေးလျနိုင်ငံသား ကာဒယ်အီဗန်က (၃)နာရီ(၁၀)မိနစ်(၅၂)စက္ကန့်နဲ့ ပထမရပါတယ်။ နယ်သာလန်နိုင်ငံသား ကယ်ဒါမန်က ဒုတိယနဲ့ ကိုလံဘီယာနိုင်ငံသား အန်နာကိုနာက တတိယ ရပါတယ်။ ဒီပြိုင်ပွဲကို အမေရိကရဲ့ အခက်ခဲဆုံး ပြိုင်ပွဲလို့ လူသိများပါတယ်။ (၂၀၀၄)ခုနှစ်ကနေ စတင်ကျင်းပပြီး ဒီနှစ်ဟာ (၁၀)ကြိမ်မြောက် ဖြစ်ပါတယ်။

No comments:

Post a Comment

back to top