work.com.mm ဝက်ဘ်ဆိုက်ကို မြန်မာဘာသာဖြင့် စတင် အသုံးပြုနိုင်
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အွန်လိုင်း အလုပ်ရှာ ဝက်ဘ်ဆိုက်ဖြစ်သော work.com.mm ဝက်ဘ်ဆိုက်ကို မြန်မာ ဘာသာဖြင့် စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အလုပ် ရှာဖွေသူများနှင့် လုပ်ငန်းရှင်များ အတွက် ဝက်ဘ်ဆိုက်ကို ပိုမို လွယ်ကူစွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် ဝန်ဆောင်မှု ပေးရခြင်း ဖြစ်ကြောင်း work.com.mm ဝက်ဘ်ဆိုက်၏ Country manager Mr. Jort Statema က ပြောသည်။
မြန်မာဘာသာ Version ကို အသုံးပြုနိုင်ခြင်းကြောင့် ဘာသာစကား အခက်အခဲရှိသော အလုပ်အကိုင် ရှာဖွေသူများ အတွက် ဝက်ဘ်ဆိုက်ကို ယခင်ကထက် ပိုမို လွယ်ကူစွာ အသုံးပြုနိုင်ခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမား အကြား လိုအပ်သော သတင်း အချက်အလက် များကို ပိုမို တိကျ ထိရောက်စွာ သိရှိနိုင်ခြင်း ၊ work. com.mm ၏ CV ဖြည့်စွက်ရာတွင်လည်း ပိုမိုလွယ်ကူခြင်း တို့ကြောင့် သတင်းအချက်အလက် ပြည့်စုံသော CV များ တိုးပွားလာနိုင်ခြင်း၊ နေ့စဉ် အလုပ်အကိုင် ရှာဖွေသူ အများဆုံး ဝင်ရောက်သော ဝက်ဘ်ဆိုက်တွင် ဘာသာစကား ရွေးချယ် အသုံးပြုနိုင်ခြင်းကြောင့် အွန်လိုင်း အလုပ်ရှာဖွေသူ အရေအတွက် တိုးပွား လာစေရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းဝက်ဘ်ဆိုက်ကို မြန်မာဘာသာဖြင့် အသုံးပြုလိုပါက ဝက်ဘ်ဆိုက်၏
ညာဘက်ထောင့်ရှိ ဘာသာစကား ရွေးချယ်ရမည့် နေရာတွင် မြန်မာဘာသာကို အလွယ်တကူ ရွေးချယ်၍ အသုံးပြုနိုင်ပြီဖြစ်သည်။ ယခင် အင်္ဂလိပ် Version ၌ ထားရှိသော စာသားများ အတိုင်း တိုက်ရိုက် ဆီလျော်မှု ရှိစေရန် ဘာသာပြန် ပေးထားသဖြင့် ပြောင်းလဲ သုံးစွဲသူများ အတွက် အခက်အခဲ တစ်စုံတစ်ရာ မရှိနိုင်ကြောင်း၊ ဝက်ဘ်ဆိုက်တွင် လုပ်ငန်းရှင်များ ဘက်ကလည်း အလုပ် ခေါ်ယူရာ၌ လိုအပ်မည့် အချက်အလက် များကို လွယ်ကူရှင်းလင်းစွာ ရေးသား တင်ပြနိုင်မည် ဖြစ်သောကြောင့် ပိုမိုစုံလင်သော အလုပ်ခေါ်စာများ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment