Thursday, August 14, 2014

ရန်ကုန် မြို့ပတ်နှင့် ဆင် ခြေ ဖုံး လမ်း ပိုင်း တွင် သက်သာသော ဈေးနှုန်းများဖြင့် Air Con ရထား တွဲဆိုင်းများ အစားထိုး ပြေးဆွဲမည်

မန်မာ့ မီးရထား အနေဖြင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံး လမ်းပိုင်းတွင် ရထားစီးခရီး သည်များ စိတ်ချမ်းမြေ့စွာ ရထားအသုံးပြု စီးနင်းနိုင်ရေးအတွက် Air Con ပါရှိသည့် RBE အထူးတွဲဆိုင်းအား  ခရီးစဉ်တစ်ခု အတွက် ငွေကျပ် ၄ဝဝ ဖြင့်လည်းကောင်း၊ ရထားအမှတ်(ဇ) နှင့် (ဂ) အဆင့်မြင့် တွဲဆိုင်း နှစ်ဆိုင်းအား ခရီးစဉ်တစ်ခု အတွက် ငွေကျပ် ၃ဝဝ ဖြင့် လည်းကောင်း ပြေးဆွဲလျက်ရှိသည်။
ရထားစီး ခရီးသည်များ အဆင့်အတန်းမြင့် သက်သောင့်သက်သာ စီးနင်းနိုင်ရေး အတွက် ဂျပန်နိုင်ငံမှ မကြာမီက ရောက်ရှိလာသော Air Con ပါရှိသည့် RBE ငါးတွဲစီ  Air Con ပါသော တွဲဆိုင်း နှစ်ဆိုင်းကို (ဇ)နှင့် (ဂ)အဆင့်မြင့် တွဲဆိုင်းနှစ်ဆိုင်း နေရာ တွင် အစားထိုးပြေး ဆွဲသွားရန် မြန်မာ့ မီးရထားမှ စီစဉ်လျက်ရှိရာ သြဂုတ် ၁၆ ရက်တွင်  Air Con  ပါရှိသည့် RBE ပထမ တွဲဆိုင်းကို (ဂ) အဆင့်မြင့် တွဲဆိုင်းနေရာတွင် အစားထိုး ပြေးဆွဲသွားမည်ဖြစ်သည်။
ထိုသို့ ပြေးဆွဲရာတွင် ခရီးသည်များ ငွေကြေး ကုန်ကျမှု သက်သာစေရန် အတွက် ယခင် ပြေးဆွဲလျက်ရှိသော RBE Air Con တွဲဆိုင်းအား ရထား လက်မှတ်ခကို ခရီးစဉ် တစ်ခုအတွက် ငွေကျပ် ၄ဝဝမှ ၃ဝဝသို့ လျှော့ပေါ့ ကောက်ခံ သွားမည်ဖြစ်ပြီး အသစ် ထပ်မံပြေးဆွဲမည့် Air Con RBE တွဲဆိုင်း များကိုလည်း ငွေကျပ် ၃ဝဝ နှုန်းဖြင့်သာ ကောက်ခံ သွားမည်ဖြစ်သည်။
ရန်ကုန်မြို့ပတ် လမ်းပိုင်းတွင် သြဂုတ် ၁၆ရက်က Air Con RBE တွဲဆိုင်း အစားထိုး ပြေးဆွဲပြီး နောက်ထပ် မကြာမီ Air Con RBE တွဲဆိုင်း တစ်ဆိုင်းအား ရထား အမှတ်(ဇ) အဆင့်မြင့် တွဲဆိုင်း နေရာတွင် အစားထိုး ပြေးဆွဲ သွားမည်ဖြစ်ည်။
ယခင် ငွေကျပ် ၃ဝဝ နှုန်း ကောက်ခံပြေး ဆွဲနေသော အဆင့်မြင့်တွဲဆိုင်း ရထားအမှတ် (ဇ)နှင့် (ဂ)အား ငွေကျပ် ၂ဝဝနှုန်းဖြင့်သာ လျှော့ပေါ့ ကောက်ခံ သွားမည် ဖြစ်ပြီး အဆိုပါ တွဲဆိုင်း နှစ်ဆိုင်းအား မြို့ပတ်နှင့် ဆင်ခြေဖုံး လမ်းပိုင်းပြေးဆွဲ နေသော ရထားအမှတ် (ခ)နှင့် (သ) တွဲဆိုင်းများ နေရာတွင် အစားထိုး ပြေးဆွဲ သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သတင်း ရရှိသည်။        

No comments:

Post a Comment

back to top