Wednesday, August 6, 2014


နောက်ထပ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲခဲ့သည့် အစ္စရေးနှင့် ဟားမတ်စ်
၂၉ ရက်ကြာ သွေးစွန်းခဲ့သော ဂါဇာပဋိပက္ခတွင် အပစ်အခတ်ရပ်စဲရန် အပြည်ပြည်ဆိုင်ရာမှ ၀ိုင်းဝန်း တောင်းဆိုခဲ့ကြသောကြောင့် သြဂုတ်လ(၅) ရက်နေ့ကစ၍ အစ္စရေးနှင့် ဟားမတ်စ်တို့ အကြားတွင် နောက်ထပ် ၇၂ နာရီ ကြာ အပစ်အခတ်ရပ်စဲခဲ့ကြသည်။

ပြီးခဲ့သော သောကြာနေ့ကစတင်ခဲ့သည့် အပစ်အခတ်ရပ်စဲမှုမှာ လူသေကြေစေသော အကြမ်း ဖက်များ ပေါ်ပေါက်လာသည့်အတွက် နာရီအနည်းငယ်အကြာတွင် ပျက်ပြယ်သွားခဲ့ပြီးနောက် တနင်္လာနေ့က ကျင်းပခဲ့သော ကိုင်ရိုဆွေးနွေးပွဲတွင် အထက်ပါ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

သုံးရက်ကြာအပစ်အခတ်ရပ်စဲ ခြင်းကို အမေရိကန်နိုင်ငံမှ ကြိုဆိုခဲ့ပြီး တာဝန်မှာ အပစ်ရပ်သဘော တူညီမှုအား ထိန်းသိမ်းရန် တာဝန်မှာ ပါလက်စတိုင်းစစ်သွေး ကြွများအပေါ် တွင်ရှိနေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ “ဒါဟာ စစ်မှန်သောအခွင့်အလမ်း တစ်ရပ်ဖြစ်ပြီး၊ ပဏာမ ခြေလှမ်းအား ကျွန်ုပ်တို့ကူညီထောက်ပံ့ပေးမည်” ဖြစ်ကြောင်း ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး Tony Blinken က CNN သတင်းဌာနကို ပြောကြားခဲ့သည်။


No comments:

Post a Comment

back to top