Wednesday, August 6, 2014



ဓာတ်ငွေ့ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တောင်းပန်လိုက်သည့် ထိုင်ဝမ် ဓာတု ကုမ္ပဏီ

ထိုင်ဝမ်ကျွန်း၊ ဒုတိယမြို့မှာဖြစ်ပွားခဲ့တဲ့ ဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဓာတုကုမ္ပဏီက တောင်းပန်ထားသလို ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု တွေကို လုပ်ဆောင်နေတယ်လို့သိရပါတယ်။ LCY ဓာတုကော်ပိုရေးရှင်း ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ "ဘိုဝီ လီ"က ထိုင်ဝမ် ကျွန်း၊ ဒုတိယမြို့ဖြစ်တဲ့ ကူစင်မြို့မှာဖြစ်ပွားခဲ့တဲ့ ဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုမှာ ထိခိုက်ခံစားရ သူတွေနဲ့ ပတ်သက်ပြီး ပြည်သူထုကို တနင်္ဂနွေနေ့တုန်းက တောင်းပန်လိုက်ပါတယ်။

LCY ကုမ္ပဏီဟာ ပရိုပိန်းဓာတ်ငွေ့တွေကို မြေအောက်လိုင်းကနေ တဆင့် ဖြန့်ချိနေတာလည်း ဖြစ်ပါ တယ်။ ကြာသပတေးနေ့ နှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ မြေအောက်ဓာတ်ငွေ့လိုင်း ပေါက်ကွဲမှုဟာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်ဖြစ်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေ ပေမယ့် ကုမ္ပဏီကတော့ ဓာတ်ငွေ့ပို့တဲ့လမ်းကြောင်းမှာ ယိုစိမ့်မှု မရှိခဲ့ဘူးလို့ ပြောကြားထားပြီး ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းလျက်ရှိနေတယ်လို့ မစ္စတာ ဘိုဝီက သတင်းထောက်တွေကို ပြောကြား ထားပါတယ်။


 



ကူစင်မြို့အစိုးရအဖွဲ့ ပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ ဗြူရိုအရာရှိ Chen Chin-teh ကတော့ ကုမ္ပဏီဟာ ဓာတ်ငွေ့ယိုစိမ့်မှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေကို ကြိုတင် အကြောင်းကြားခြင်းနဲ့ အခင်းဖြစ် ပွားပြီးနောက်မှာလည်း အရေးပေါ် စံမံချက်တွေ လုပ်ဆောင် ပေးနိုင် ခဲ့မယ်ဆိုရင် သေဆုံး ထိခိုက်သူ အရေအတွက်ဟာ များပြားခဲ့မှာ မဟုတ်ဘူးလို့ ပြောကြား ထားပါတယ်။ ဒါ့ပြင် ပေါက်ကွဲမှု မဖြစ်ပွားခင်မှာ ယိုစိမ့်သွားတဲ့ ပရိုပိန်းဓာတ်ငွေ့ ပမာဏဟာ ၁၀ တန်လောက်ရှိနိုင်တယ်လို့လည်း မစ္စတာ ချန်ကပြော ပါတယ်။ ထိုင်ဝမ် သမ္မတ မာရင်ကျိုး ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းမှုအပြည့်အစုံ လုပ်ဆောင်သွား မှာဖြစ်တယ်လို့ ပြောကြား ထားပါတယ်။  

No comments:

Post a Comment

back to top